အရက်နာကျမှုကို ကုသပေးတဲ့ ကမ္ဘာ့ပထမဆုံး ဆေးပေးခန်းကို သြစတြေးလျမှာ စတင်ဖွင့်လှစ်

index.jpeg

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ မှာ အရက်နာကျတဲ့ဝေဒနာကို ကုသပေးတဲ့ ကမ္ဘာ့ပထမဆုံးဆေးပေးခန်းကို ဖွင့်လှစ် လိုက်ပါပြီ။ ဒါပေမယ့် ဈေးကတော့ မသေးဘူးလို့ သိရပါတယ်။ အဆိုပါဆေးခန်း ဟာ အရက်နာကျနေတဲ့ လူတွေကို ပြန်လည်သက်သာအောင်အတွက် ဗီတာမင်ဓာတ်မျိုးစုံပါဝင်တဲ့ အကြောဆေးတွေ သွင်းပေးတာ ဖြစ်ပြီး အနိမ့်ဆုံးဈေးအနေနဲ့ နာရီဝက်စာ ကုသမှုတစ်ချိန်ကို ကန်ဒေါ်လာ ၁၄၀ ကျသင့်မှာပါ။

ဗီတာမင်ဘီနဲ့ စီ ဓာတ်တွေကို ရေဓာတ်ဖြည့်ဖျော်ရည်ထဲရောနှောကာ သင့်ရဲ့သွေးကြောတွေထဲ နာရီဝက်လောက် သွင်းပေးမှာဖြစ်ပြီး တစ်နာရီစာ ဆိုရင်တော့ ဒေါ်လာ ၂၀၀ လောက် ကျသင့်မှာ ဖြစ်ပါတယ်။
အလွန်အကျွံသောက်ထားလို့ အရက်နာကျနေသူတွေ အတွက်လည်း ခေါင်းကိုက်ပျောက်ဆေးတွေနဲ့  အောက်စီဂျင်ပေးကုသမှုတွေ အဆိုပါဆေးခန်းမှာ ရရှိနိုင်မှာဖြစ်ပါတယ်။

စင်တာရဲ့ ပြောရေးဆိုခွင့်ရှိသူ Rod Lang က အရက်နာကျတဲ့အခါ  လူတွေအနေနဲ့ အမြန်ပြင်အစားအစာ (fast food) တွေ စားတတ်ကြတာက ထိရောက်တဲ့ အကျိုးကျေးဇူးမရှိဘဲ ဒီဗီတာမင်ဆေးရည်တွေကို ခန္ဓာကိုယ်ထဲ သွင်းပေးတာကမှ တကယ့်အကျိုးကျေးဇူးရှိတယ်လို့ ဆိုပါတယ်။

“ အရက်နာကျတဲ့အခါ McDonald’s စတဲ့ fast food တွေ စားတာကိုတော့ ငြင်းရပါမယ်။ ကျွန်တော်သာ ဆိုရင်တော့ ဒီလိုစားဖို့ ညွှန်းမှာ မဟုတ်ဘူး။ ဒါပေမယ့် အကြောဆေးသွင်းပေးတာကတော့ အရက်နာကျ တာကို သက်သာစေပါတယ်” လို့ Rod Lang က ရှင်းပြခဲ့ပါတယ်။

Ref: Mirror

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.