မျက်စိစွံ ခြင်းအတွက် ထိရောက်တဲ့ အိမ်တွင်းဆေးနည်းများ

index.png

မျက်စိစွံတယ်ဆိုတာ မျက်ခွံရှိ အဆီဂလင်းရောဂါကူးစက်ခံရခြင်းဖြစ်ပါတယ်။ မသန့်ရှင်းခြင်း၊ မိတ်ကပ်နဲ့ တခြားအမှုန်တွေကြောင့် ဖြစ်ပွားတဲ့ အဆီဂရင်းတစ်ဆို့မှု တစ်ခုအနေဖြင့် စဖြစ်ပါတယ်။ အဲဒီနောက် ဘက်တီးရီးယား ပိုးမွှားများကြောင့် ရောဂါကူးစက်မှု ဖြစ်ပွားလာပါတယ်။

မျက်စိစွံခြင်းဖြစ်စေတဲ့ တခြားအကြောင်းအရင်းများက စိတ်ဖိစီးမှု၊ ဟော်မုန်းပြောင်းလဲခြင်းတွေ ပါဝင်ပါတယ်။မျက်စိယောင်တာ မျက်ခွံအပြင်ဘက်မှာ ဖြစ်နိုင်သလို အတွင်းဘက်မှာလည်း ဖြစ်ပွားနိုင်ခြေရှိပါတယ်။ ပုံမှန်အားဖြင့် မျက်စိစွံတဲ့ပြသနာက တစ်ပတ် သို့မဟုတ် နှစ်ပတ်အတွင်း ပျောက်သွားတတ်ပါတယ်။ မျက်စိယောင်သည့်အချိန် မကြာအောင် စွမ်းဆောင်ပေးမယ့် အိမ်တွင်းဆေးနည်းတချို့ရှိပါတယ်။ ကသိကအောက်ဖြစ်ခြင်းနဲ့ နာကျင်ကိုက်ခဲမှုကိုလည်း သက်သာရာရစေပါတယ်။

ရေနွေးစိမ်အဝတ်ဖြင့်ဖိသိပ်ပေးခြင်း

ယောင်တဲ့အနေရာကို အပူပေးလိုက်ခြင်းဖြင့် ပြည်တွေ လျင်မြန်စွာ ဆင်းသွားစေပါတယ်။ ၄င်းနေရာကို သွေးလည်ပတ်မှုကောင်းမွန်စေတာမို့ အနာမြန်မြန်သက်သာစေပါတယ်။ အဝတ်စလေး တစ်ခုကို ရေနွေးထဲနစ်ပြီး အရည်ညှစ်ပေးရပါမယ်။ သေချာခေါက်ပြီး အနာပေါ် တင်ပါ။ ၅ မိနစ်ခန့်ထား သို့မဟုတ် မနွေးတော့တဲ့အချိန်ထိ ထားပါ။ ဒါကို တစ်နေ့ ၃၊ ၄ ကြိမ်လုပ်ပေးပါ။

ဂရင်းတီး (Green Tea)

မျက်စိအနာပေါ် ဂရင်းတီးထားခြင်းက အထက်ကလို ရေနွေးဖြင့်ဖိသိပ်ခြင်းသလိုပါပဲ။ မတူတဲ့အချက်က ဂရင်းတီးက ရောင်ရမ်းမှု သက်သာစေတဲ့ အစွမ်းသတ္တိရှိတာကြောင့် အရောင်နဲ့ နာကျင်ကိုက်ခဲမှု ပိုလျော့မြန်စေပါတယ်။ ဒီ့အပြင် ဂရင်းတီးရှိ tannins  က ယောင်ရမ်းမှုထပ်မံ မဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။ ရေနွေးကြမ်းထဲ နစ်၊ အရည်ညှစ်ပြီး ၅ မိနစ်ခန့် တင်ထားပေးဖို့ ဖြစ်ပါတယ်။ ပြည်တွေ မထွက်လာမချင်း ပြန်ပြန်လုပ်ပေးရမှာ ဖြစ်ပါတယ်။

နနွင်း

ယောင်ကိုင်းမှုမဖြစ်အောင် တားပေးသည့် အကောင်းဆုံးနည်းတစ်ခုက နနွင်းပဲ ဖြစ်ပါတယ်။ အနာကို ဆေးကြောပေးခြင်းဖြင့် ခဏအတွင်း ပျောက်ကင်းအောင်ကုသပေးပါတယ်။ လက်ကိုက်တပ်ဒယ် အိုးသေးသေးလေးတစ်ခုဖြင့် နနွင်းထမင်းစားဇွန်း (၁) ဇွန်းကို ရေ (၂) ခွက်ဖြင့် ကြိုပါ။ ပြီးတော့ အခန်းအပူချိန်လောက်ဖြစ်အောင် အအေးပြန်ခံပါ။ ပိတ်စ ခပ်ပါးပါးလေးတစ်ခုရယ် ပြီးတော့ အဲဒီအရည်နဲ့ မျက်ခွံကို ပိုးသတ်ပေးရပါမယ်။ အနာမြန်မြန် ကျက်ဖို့အတွက် နနွင်းကို ထမင်းထဲ များများထည့်စားပေးနိုင်ပါတယ်။

Ref:1mhealthtips
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.