Samsung Galaxy S7 မှာ ဖိအား-အာရုံခံ ဖန်သားပြင်၊ မိနစ် ၃၀ အတွင်း ဘက်ထရီအပြည့်သွင်းနိုင်တဲ့ အားသွင်းပေါက် ပါဝင်လာမည်

index.jpeg

Samsung Galaxy S6 ဈေးကွက်ထဲရောက်တာမှ လပိုင်းပဲရှိသေးပေမယ့် အခုအခါမှာ Samsung ရဲ့ နောက် မော်ဒယ် Galaxy S7 ရဲ့ အသေးစိတ်အချက်အလက်တွေ ထွက်ရှိလာပြီဖြစ်ပါတယ်။ သတင်းပြေးနေတာကတော့ Galaxy S7 မှာ Apple က iPhone 6S မှာ အသုံးပြုထားတဲ့ 3D Touch လိုပဲ ဖိအား-အာရုံခံ ဖန်သားပြင် ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီ့အပြင် အားသွင်းမြန်တဲ့ အားသွင်းပေါက်၊ အရည်အသွေးမြင့် ကင်မရာနဲ့ မျက်လုံးကို ဖတ်သားနိုင်တဲ့ စကင်နာတို့ ပါဝင်လာမှာဖြစ်တယ်လို့ လည်း သိရပါတယ်။

ယခုအသေးစိတ်အချက်အလက်တွေကို The Wall Street Journal က ဒီနေ့ မှာ ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဖော်ပြချက်အရ Galaxy S7 မှာ မိနစ် ၃၀ နဲ့ မိနစ် ၃၀ အောက်အတွင်း ဖုန်းဘက်ထရီကို အားအပြည့်ရောက်အောင်သွင်းနိုင်တဲ့ အားသွင်းပေါက်လည်း ပါရှိမှာ ဖြစ်ပါတယ်။

ယခုလက်ရှိ Galaxy S6 ဟာလည်း အားအမြန်သွင်းနိုင်တဲ့ စွမ်းဆောင်ရည်ပါ၇ှိပြီး၊ လေးနာရီစာ ဘက်ထရီသက်တမ်းကို ၁၀ မိနစ်အတွင်း သွင်းနိုင်တယ်လို့ ဆိုပါတယ်။ ဒီဇိုင်းပိုင်းကတော့ S6 နဲ့ တော်တော်များများ တူညီမှာဖြစ်ပြီး ကျောဘက်ကင်မရာကတော့ ဒီတစ်ခါမှာ အပြင်ကို ထွက်နေတဲ့ပုံစံဖြစ်မှာ မဟုတ်တော့ပါဘူး။

လွန်ခဲ့တဲ့နှစ်ကတည်းက ဆွေးနွေးနေခဲ့ကြတဲ့ မျက်လုံးစကင်နာလည်း ပါဝင်လာဖို့ ရှိပြီး အရင်မော်ဒယ်တွေလိုပဲ memory card slot ပါ ပြန်လည်ပါဝင်လာဖို့ ရှိပါတယ်။ ယခုလကထွက်ရှိခဲ့တဲ့ သတင်းတွေအရလည်း Samsung ဟာ ပြိုင်ဘက် Apple ဆီကနေ ဈေးကွက်ဝေစု ပိုရယူသွားဖို့ အတွက် S7 ရဲ့ ဈေးနှုန်းတွေကို လျော့ချသွားမှာဖြစ်တယ်လို့ လည်း သိရပါတယ်။ ဈေးကွက်လေ့လာရေးပညာရှင်တွေရဲ့ သုံးသပ်ချက်အရ လက်ရှိ Galaxy S6 စမတ်ဖုန်းထက် ၁၀ ရာခိုင်နှုန်း ဈေးသက်သာသွားမှာဖြစ်တဲ့အတွက် S7 ဟာ မော်ဒယ်အပေါ်မူတည်ပြီး ကန်ဒေါ်လာ ၅၀၃ ကနေ ၇၂၀ ကြားသာ ရှိမှာဖြစ်ပါတယ်။

Ref: Dailymail
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.