ဒီဇင်ဘာ ၂၀ ရက်နေ့မှာထွက်ရှိတော့ မဲ့ Queen အကြောင်းပြောပြလာတဲ့ စန္ဒီမြင့်လွင်က One Lady Show အကြောင်းပါ တစေ့တစောင်းဖွင့်ဟ

12341085_976280295752738_634532877780510964_n.jpg

ဟစ်ဟော့လောကရဲ့ ဘုရင်မလို့ လူငယ်ပရိသတ်များထံမှ သတ်မှတ်ခြင်းခံရတဲ့ စန္ဒီမြင့်လွင်က ဖေဖော်ဝါရီ ၁၂ မှာ One Lady Show လုပ်တော့မယ်လို့သိရသလို ဒီဇင်ဘာ ၂၀ ရက်နေ့မှာ  ထွက်ရှိတော့မဲ့ Queen အယ်လ်ဘမ်နဲ့ပတ်သက်ပြီးမေးမြန်းဖြစ်ခဲ့တာကတော့

-အခုထွက်မဲ့ Queen အခွေက ကလီယိုပက်ထရာအခွေနဲ့ ထွက်တဲ့အချိန်သိပ်မကွာဘူးလို့ခံစားရတယ်။

ဟုတ်ပါတယ်။ ဒီအခွေလေးက ကလီယိုပက်ထရာ ထွက်ပြီးတဲ့အချိန်နဲ့ဆို နည်းနည်းတော့ ကပ်တယ်။ ကလီယိုပက်ထရာထွက်ပြီးကတည်းက ပြင်ဆင်နေခဲ့တာပေါ့။ အခွေမြန်မြန်ထွက်ဖြစ်တာကလဲ ဒီးဒီ One Lady Show လေးလဲ လုပ်စရာရှိလို့ပါ။ အခုဒီအခွေသစ်ကတော့ Audio အနေနဲ့ပဲ အရင်ထွက်မှာပါ။

-ပထမဆုံး One Lady Show လုပ်တော့မှာဆိုတော့ ရင်ခုန်မှုကဘယ်လိုရှိလဲ။

One Lady Show ကလုပ်ဖြစ်တယ်။ ၂ လပိုင်း ၁၂ ရက်နေ့လုပ်မှာပါ။ နေရာကိုတော့ ပြန်ပြောပါ့မယ်။ One Lady Show ကို Queen အခွေထွက်ပြီးမှ လုပ်မယ်လို့ Plan ချထားတာပါ။ ပထမဆုံး One Lady Show ဆိုတော့ ရင်လဲ အရမ်းခုန်တယ်။ စိတ်လဲ အရမ်းလှုပ်ရှားပါတယ်။ ထူးထူးခြားခြားနဲ့ဘယ်သူနဲ့မှမလုပ်ဘူးတဲ့ပုံစံ၊ ဘယ်သူမှ မလုပ်ဖူးတာမျိုးနဲ့ဘယ်သူမှမလုပ်တဲ့ ပုံစံလေးလုပ်ဖို့တော့ စိတ်ကူးထားပါတယ်။

-Queen အခွေမှာ ဘယ်လိုသီချင်းအမျိုးအစားတွေရောပါမလဲ။

ပုံစံတွေကတော့ မတူပါဘူး။ ဒါပေမဲ့ ပါဝင်တဲ့သီချင်းအားလုံးကတော့ ဟစ်ဟော့ခေါင်းစဉ်အောက်မှာ ရှိပါတယ်။ Melody လေးတွေလဲပါတယ်။ ဆိုနေကျပုံစံအတိုင်းလေးပါပဲ။ ဒီအခွေအတွက်သီချင်းတွေအားလုံးက ကလီယိုပက်ထရာ အခွေထွက်ပြီးကတည်းက လုပ်ခဲ့တာပါ။ သီချင်းအနှေးလေးတွေ၊ ပေါ့ပ်လေးတွေ၊ဟစ်ဟော့တွေပါပါတယ်။

-ပါဝင်တဲ့တေးရေးတွေနဲ့Featuring တွေကိုလဲသိချင်ပါတယ်။

တေးရေးတွေက ကိုဆောင်းဦးလှိုင်၊ ကိုဖိုးကာ၊ X-box ၊ အားတီ၊ ဂျောက်ဂျက်၊ ကိုလေးလွင်၊ ကိုနေ၀င်း၊ အောင်သူနဲ့ဒိုးဒိုးတို့ပါပါတယ်။ ကိုလေးလွင်သီချင်းက Hollywood ဆိုတဲ့ သီချင်းလေးကို ပြန်ထည့်ထားတာပါ။ Rap နည်းနည်းပါတယ်။ ဒီးဒီပြန်ဆန်းသစ်ပြီးဆိုထားတာပါ။ Featuring အနေနဲ့က X-Box ၊ အားတီနဲ့နီနီခင်ဇော်တို့ပါပါတယ်။ နီနီခင်ဇော်နဲ့က ချစ်နေတုန်းပဲ Version 2 ပြန်ထည့်ထားတာပါ။ အတီးပဲနည်းနည်းပြောင်းထားတာပါ။ ကျန်တာကတော့ ဒီပုံစံပါပဲ။

-အရင်အခွေနဲ့မတူတဲ့ထူးခြားချက်တွေကရောဘာများဖြစ်မလဲ။

တစ်မျိုးစီပေါ့။ ပုံစံတစ်မျိုးစီပေါ့။ အများကြီးကောင်းပါတယ်။ ဒီအခွေကိုလဲ ဒီးဒီအတတ်နိုင်ဆုံးနဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားထားပါတယ်။

-အရင်အခွေတွေကပေါက်ခဲ့တော့ ဒီအခွေနဲ့ပတ်သက်ပြီးဖြစ်ပေါ်နေတဲ့ စိတ်လှုပ်ရှားမှုကရော ဘယ်လိုရှိလဲ။

ဒီအခွေကိုတော့ ပရိသတ်ကြိုက်မယ်လို့တော့မျှော်လင့်တာပဲ ။ ထင်တာပဲလေ။ စိတ်ကတော့ လှုပ်ရှားပါတယ်။

-အခွေ Title လေးကို Queen လို့ပေးထားတယ်ဆိုတော့ သီချင်းထဲမှာရောပါလား။ ဘယ်လိုစိတ်ကူးနဲ့ပေးဖြစ်တာလဲ။

Title ကအခွေထဲမှာမပါဘူး။ ဒီအတိုင်းပဲ သီချင်းနာမည်လေးကိုကြိုက်လို့ပေးဖြစ်တာပါ။ Queen ဆိုတဲ့သီချင်းက မပါပေမဲ့ ဒီးဒီကြိုက်တဲ့နာမည်လေးနဲ့စိတ်ဝင်စားစရာဖြစ်အောင်စဉ်းစားပြီးပေးဖြစ်ခဲ့တာပါ။ Queen ဆိုတဲ့ နာမည်လေးကအမျိုးသမီးထုအတွက် ရည်ရွယ်ထားတာပါ။ ဒါပေမဲ့ အမျိုးသမီးထုနဲ့သက်ဆိုင်တဲ့ သီချင်းတော့မပါပါဘူး။ ပါရင်လည်း သွယ်ဝိုက်ပြီးတော့ ပါမှာပေါ့။ ပါတယ်လို့ပြောလို့မရသလို မပါဘူးလို့လဲပြောလို့မရပါဘူး။ နားထောင်ကြည့်ရင်တော့ ပရိသတ်တွေ သိမှာပါ။ ဒီအခွေက အရှိန်အဟုန်ပြင်းပြင်းနဲ့လာမယ်လို့ထင်ပါတယ်။ ပရိသတ်အတွက်လဲအကောင်းဆုံးဖြစ်မယ်လို့မျှော်လင့်ထားပါတယ်။

-Queen ဆိုတဲ့ သီချင်းခေါင်းစဉ်က နိုင်ငံရေးနဲ့ရောသက်ဆိုင်နေမလား။

မသက်ဆိုင်ပါဘူး။ ဒီးဒီဘာသာကြိုက်လို့ပေးထားတာပါ။

-သီချင်းအားလုံးပေါင်းဘယ်နှပုဒ်ပါမလဲ။ တစ်ကိုယ်တော်လို့ပြောလို့ရမလား။ Mini album လို့ပြောလို့ရမလား။

အစကတော့ ဒီးဒီ Mini Album လုပ်ဖို့ပါပဲ။ ဒါပေမဲ့ အခုအခွေကတော့ Mini လည်းမဟုတ်Middle လည်းမက full လည်းမဖြစ်ပဲ သီချင်းကကိုးလိုးကန့်လန့်ရှစ်ပုဒ်ဖြစ်သွားတယ်။ အဲ့ဒါကြောင့် Mini album လို့မပြောတော့တာပါ။

-အခွေထွက်မဲ့နေ့နဲ့ပရိုမိုးရှင်းနေရာလေးကိုလဲသိချင်ပါတယ်။

ဒီဇင်ဘာ ၂၀ရက်နေ့မှာထွက်မှာပါ။ အဲ့ဒီနေ့မှာပဲ လှည်းတန်းစိန်ဂေဟာမှာ ညနေ၃နာရီကနေ၅နာရီထိလက်မှတ်ထိုးရောင်းချသွားမှာပါ။ လက်ဆောင်အနေနဲ့က ပထမဆုံးဝယ်မဲ့ အယောက်တစ်ရာကို ဒီးဒီရဲ့ရှိုးပွဲ လက်မှတ်ပေးမယ်။ လက်မှတ်တွေက ရိုးရိုးလက်မှတ်မဟုတ်ပါဘူး။ VIP ရှိုးလက်မှတ်တွေပါ။

-ရန်ကုန်တစ်ခုတည်းပဲလား ။ တခြားနယ်တွေရောသွားဖြစ်ဦးမလား။

မေမြို့တော့သွားမယ်။ မေမြို့ပန်းပွဲတော်မှာ လက်မှတ်ထိုးမယ်။ တောင်ကြီးကတော့ သိပ်မကျိန်းသေဘူး။ ၂၅ ရက်နေ့နံနက် ၁၁ နာရီကနေ ၁၂ ခွဲထိကို ပန်းပွဲတော် လက်မှတ်ရောင်းတဲ့နေရာနဲ့မျက်နှာချင်းဆိုင်ကနန်းမြင့်မျှော်စင်အတက်မှာလုပ်မှာပါ။

-New Year ကရော ဘယ်မှာရှိမလဲ။

ဒီးဒီရန်ကုန်မှာပဲရှိမှာပါ။

-အခုနောက်ပိုင်း ဒီးဒီကို သရုပ်ဆောင်ဖက်မှာသိပ်မတွေ့ရတော့ဘူး။

ဟုတ်တယ်။ အခုက ရှိုးရာသီဆိုတော့ ရှိုးတွေလိုက်ဆိုဖြစ်နေတာကြောင့်ရယ်၊ အခွေအတွက် အချိန်ပေးဖြစ်နေတာရယ်၊ One Lady show အတွက်ပြင်ဆင်နေတာရယ်ကြောင့်ပါ။ အရင်ကတည်းကလဲ ဒီးဒီက ကားအရမ်းရိုက်တဲ့သူထဲမှာ မပါဘူး။ ကိုယ်လဲ အားတဲ့အချိန် ခင်မင်တဲ့သူတွေ လာကမ်းလှမ်းရင်ရိုက်ဖြစ်တယ်။ ဒီလောက်ပါပဲ။

 

 

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.