တရုတ်နိုင်ငံ စားသောင်ဆိုင် တစ်ခုတွင် စားသုံးသူများ လေထု သန့်စင်ခ ပေးဆောင်နေရ

_87197436_gettyimages-493918392.jpg

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ စားသောက်ဆိုင်တစ်ခုက စားသုံးသူတွေကို လေထုသန့်စင်ခပါ ပေးဆောင်စေခဲ့ပါတယ်။

Jiangsu ခရိုင် Zhangjiagang မြို့ရှိ ယင်းစားသောက်ဆိုင်မှာ လာရောက်စားသုံးသူတွေဟာ စားသောက်ဆိုင်အတွင်း လေထုသန့်စင်ကြေးပါ တွက်ပြီး တစ်ယောက်ကို ၁ ယွမ် (၀.၁၅ ဒေါ်လာ) ပေးဆောင်စေခဲ့ကြောင်း Xinhau သတင်းဌာနက ဖော်ပြထားပါတယ်။ ယင်းဒေသရှိ မြို့တွေဟာ မကြာသေးမီ ရက်သတ္တပတ်အတွင်း ထူထဲတဲ့ မီးခိုးမြူတွေ အုံ့ဆိုင်းနေခဲ့ပြီး အဆိုးဆုံးဖြစ်တဲ့နေရာတွေမှာ မီတာ ၁၀၀ ထက် ပိုမမြင်ရပါဘူး။

အဆိုပါ စားသောက်ဆိုင်ပိုင်ရှင်မှ ညစားသုံးဆောင်မှု ပိုမိုအဆင်ပြေကောင်းမွန်စေဖို့ မကြာသေးမီက လေထုသန့်စင်စက်တစ်လုံး ဝယ်ယူခဲ့ပြီး စားသုံးသူများထံ ကြိုတင်အသိပေးမှုမရှိဘဲ ကုန်ကျစရိတ် ကာမိအောင် ဖြတ်ယူ လိုက်တာဖြစ်တယ်လို့ သတင်းအစီရင်ခံစာက ဆိုပါတယ်။ ဒါပေမယ့် ဒေါသထွက်နေတဲ့ လာရောက်စားသုံးသူများမှ တိုင်တန်းချက်ပြုလုပ်ပြီးတဲ့နောက် ဒေသခံအစိုးရက ဆိုင်ပိုင်ရှင်ထံ ဒါ မတရား ကျသင့်ငွေတောင်းခံခြင်းဖြစ်တယ်လို့ ဆိုကာ အဲဒီလိုလုပ်ဆောင်မှုကို ရပ်တန့်ဖို့ တားမြစ်ခဲ့ပါတယ်။ ယင်း စစ်ထုတ်သန့်စင်ထားတဲ့လေထုကို ရှူဖို့မရှူဖို့က စားသုံးသူများရဲ့ ရွေးချယ်မှု မဟုတ်ပါဘူး။ ဒီတော့ ဒါကို ဝန်ဆောင်မှုတစ်ခုအနေနဲ့ အခကြေး မကောက်ခံသင့်ဘူး လို့ အရာရှိတစ်ဦးက ပြောပြပါတယ်။

အခကြေးတောင်းခံရတဲ့သူတွေ စိတ်မချမ်းသာဖြစ်ကြပေမယ့် အဲဒီအိုင်ဒီယာကို တရုတ်လူမှု မီဒီယာသုံးစွဲသူအများအပြားက ကြိုဆိုကြပါတယ်။

Ref: BBC

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.