စမတ်ဖုန်းများနဲ့ အပြာရုပ်ရှင်ကား ကြည့်ရှုမှု အများဆုံးဖြစ်နေ

o-teen-smartphone-facebook.jpg

Pornhub မှ စမတ်ဖုန်းကို အပြာညစ်ညမ်း ရုပ်ရှင်ကားများ ကြည့်ရှုသည့် နည်းလမ်းတစ်ခုအဖြစ် စမတ်ဖုန်း သုံးစွဲမှုများပြားလာခြင်းကို သက်သေသာဓကများနဲ့ ထင်ထင်ရှားရှားပြသသည့် နောက်ဆုံးဒေတာ အသေးစိတ် အချက်အလက်ကို ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၀ တွင် iOS နဲ့ Android မိုဘိုင်းဖုန်း operating system တွေကို Pornhub မျှဝေမှု ၁၂% သာ စာရင်းရခဲ့ပါတယ်။ စက်တင်ဘာလမှာ Android ကနေ ဝင်ရောက်ကြည့်ရှုသူ ၆၃%  စာရင်းရခဲ့ပါတယ်။ ရှာဖွေမှုအများဆုံး porn star သုံးဦးက Lisa Ann၊ Mia Khalifa နဲ့ Kim Kardashian တို့ ဖြစ်ပါတယ်။

iOS သုံးစွဲသူများအတွက် Kardashian က ထိပ်ဆုံးမှာရှိပြီး Khalifa နဲ့ Ann က နောက်က ရှိနေချိန်မှာ Android မှာတော့ Ann က ပထမနေရာမှာရှိပြီး Khalifa နဲ့ Kardashian တို့က နောက်မှာ ရှိနေကြပါတယ်။
Operating system နှစ်ခုလုံးအတွက် ရှာဖွေမှု အများဆုံးဝေါဟာရက "lesbian" ဖြစ်ပါတယ်။ Android မှာ "cartoon" နဲ့ "black" ကလိုက်ပြီး iOS အတွက် "step mom" နဲ့ "teen" စတာတွေ ဖြစ်ပါတယ်။

UK နိုင်ငံမှာ ၅% ကလွဲ၍ အားလုံးက Android သို့မဟုတ် iOS စက်ပစ္စည်းကိရိယာများကနေတဆင့် လာတာဖြစ်ပါတယ်။ iOS ကနေ 64% နဲ့ Android ကနေ ၃၁% ရှိကြောင်းသိရပါတယ်။

Ref:timesofindia.indiatimes

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.