တစ်နာရီ ၁၂၀ မိုင်နှုန်းနဲ့ ဝေဟင်မှာ လေဟုန်စီးရင်း တက်တူးထိုးပြခဲ့တဲ့ တက်တူးပညာရှင်

index.jpeg

ကနေဒါလူမျိုး တက်တူးပညာရှင် တစ်ယောက်ဟာ လေယာဉ်ပေါ်ကနေ အလွတ်ခုန်ချကာ လေဟုန်စီးရင်းနဲ့  စက္ကန့် ၃၀ အတွင်းမှာ တက်တူးအပြီး ထိုးပြနိုင်ခဲ့ပါတယ်။

မြေပြင်ဆီသို့ လေထီးမဖွင့်သေးဘဲ တစ်နာရီ ၁၂၀ မိုင်နှုန်းနဲ့ လေထဲအလွတ်ခုန်ဆင်းရင်းနဲ့  Shannon Claydon ဆိုသူ တက်တူးပညာရှင်ဟာ အတူခုန်ဆင်းခဲ့တဲ့ မိတ်ဆွေတစ်ဦးရဲ့လက်မှာ ‘AHHH’ ဆိုတဲ့ စာလုံးကို အပြီး ထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ ကနေဒါနိုင်ငံ၊ Fountainhead Tattoo စတူဒီယိုက တက်တူးပညာရှင် Shannon ကို တခြား ဝေဟင်ဒိုင်ဗင် သမားတွေက ထိန်းကိုင်ထားပေးနေတုန်း Shannon ဟာ ခရီးဆောင်တက်တူးထိုးစက်တစ်ခုနဲ့  Nadine Elaine ရဲ့ လက်ကောက်ဝတ်မှာ စက္ကန့် ၃၀ အတွင်း တက်တူးထိုးပေးခဲ့တာဖြစ်ပါတယ်။

လေယာဉ်ပေါ်က မခုန်ခင်မှာ အရင်ဆွဲထားခဲ့တဲ့ကောက်ကြောင်းနေရာမှာ AHHH ဆိုတဲ့ စာလုံးကို ရေးထိုးပြခဲ့ပြီး နောက်ဆုံးစာလုံး ‘H’ ပြီးပြီးချင်းမှာပဲ လေထီးကြိုးတွေကို ဖွင့်ကာ Edmonton Skydive လေထီးခုန် ကွင်းဆီ နှစ်ဦးစလုံး အောင်မြင်စွာ ပြန်လည်ဆင်းသက်ခဲ့ကြပါတယ်။

“ လေက အဓိကအခက်အခဲဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့်၊ သူမရဲ့လက်မှာအပြီးထိုးနိုင်ခဲ့ပါတယ်” လို့  အသက် ၃၀ နှစ်အရွယ် Shannon က ပြောပြခဲ့ပါတယ်။ Shannon  ဟာ လေဟုန်စီးလေထီးခုန် အားကစားလုပ်ခဲ့တာ သုံးနှစ်ရှိပြီဖြစ်ကာ B- လိုင်စင်ရထားသူဖြစ်ပြီး တက်တူးထိုးသက်ကလည်း ကိုးနှစ်ရှိပြီလို့ သိရပါတယ်။  

Ref: Mirror
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.