ကလေးကို ချက်ချင်းအငိုတိတ်သွားစေမယ့် ကလေးချီနည်း

index.jpeg

အငိုသန်တဲ့ကလေးတွေဟာ အခုမှ မိဘစဖြစ်တဲ့ မိဘအသစ်စက်စက်တွေအတွက် တော်တော် စိတ်ပျက်စရာကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအငိုသန်တဲ့ကလေးကို ဘယ်လိုငြိမ်အောင်လုပ်ရမလဲ ဆိုတာ ဆရာဝန်တစ်ယောက်က နည်းလမ်းပြပေးခဲ့ပါတယ်။ ဒီနည်းလမ်းဟာ ကလေးကို မြန်မြန်အငိုတိတ် နိုင်ရုံသာမက၊ လွယ်ကူလွန်းတာကိုလည်း တွေ့ ရမှာပါ။

ကလေးအထူးကုဆရာဝန်၊ ဒေါက်တာ Robert Hamilton ဟာ California မှာ ဆေးကုသနေတာ ဆယ်စုနှစ် သုံးခုကြာမြင့်ခဲ့ပြီဖြစ်ပြီး၊ သူ့ အလုပ်နယ်ပယ်ထဲက ပရော်ဖက်ရှင်နယ်ဆရာဝန်တိုင်းအတွက် ကြုံနေကြ အခက်အခဲဖြစ်တဲ့ ကလေးအငိုတိတ်နည်းကို ရှာနေခဲ့သူဖြစ်ပါတယ်။ Hamilton ဟာ သူ့ ရဲ့ကလေးအငိုတိတ်အောင် ပွေ့ ချီနည်းကို ‘the hold’ လို့ အမည်ပေးထားပြီး ဗီဒီယိုနဲ့  တကွ ရှင်းလင်းပြသပေးခဲ့ပါတယ်။

၁။ ကလေးရင်ဘတ်မှာ လက်ကလေးတွေကို ကန့် လန့် ယှက်လျက် လက်တစ်ဖက်နဲ့ ကိုင်ထားပေးပါ။  

၂။ ကလေးလက်မောင်းလေးတွေကို ညှင်ညှင်သာသာ နဲ့ လွတ်မသွားအောင် ဖိထားပေးပါ။

၃။ ထို့ နောက် ကျန်တဲ့လက်တစ်ဖက်နဲ့ ကလေးခါးတောင်းကျိုက်ပိတ်စနေရာကို ညှင်သာစွာ ဆုပ်ကိုင်ထားပါ။

၎။ ထိုပုံစံအတိုင်း ကလေးငယ်ကို လေးဆယ့်ငါးဒီဂရီထားပြီး ကလေးကို အထက်အောက်၊လှုပ်ခါပေးပါ။ တစ်ချိန်တည်းမှာ ကလေးတင်ပါးလေးကိုလည်း ကိုင်လှုပ်ပေးပါ။ ဒီ အငိုတိတ် ချီနည်းဟာ နှစ်လသားကနေသုံးလသားအရွယ် ကလေးငယ်တွေအတွက် အသင့်တော်ဆုံး ဖြစ်တယ်လို့ ဒေါက်တာကဆိုပြီး ထိုထက်ကြီးပါက ကလေးကိုယ်အလေးချိန်များသွားတာကြောင့် အခုလို အနေအထားအတိုင်း ကိုင်နိုင်ဖို့ မလွယ်တော့ဘူးလို့ ဆိုပါတယ်။

Ref: yourtango
 

2 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.