သူတို့ပြောတဲ့ ဖက်ရှင်အကြောင်း

dsc01384.jpg

သန္တာဗိုလ်

ဖက်ရှင်ကတော့ သမီးဝတ်နေကျ ဂျင်းဘောင်းဘီတိုနဲ့ တီရှပ်ပဲပေါ့။  Free Style လေးတွေပဲ ၀တ်ဖြစ်နေပါတယ်။ ဖက်ရှင်ကတော့ လူတိုင်းအတွက် အရေးလည်းကြီးသလို လူတွေကြားထဲမှာ သွားလာနေထိုင်ဖို့အတွက် မရှိမဖြစ်ပေါ့နော်။ ပရိသတ်တွေကတော့ သမီးရဲ့ဖက်ရှင်နဲ့ ပတ်သတ်ပြီး အကြံဥာဏ်တွေပေးကြတယ်။ အခုကတော့ Dress အတိုလေးတွေနဲ့ ဂျင်းဘောင်းဘီအရှည်၊ တီရှပ်လေးတွေတော့ ၀တ်ဖြစ်နေတယ်။ လာမယ့်ဆောင်းတွင်းမှာဆိုလဲ ဆွယ်တာရှည်ရှည် ရှင်းရှင်းလေးတွေနဲ့ ဂျင်းဘောင်းဘီအတိုလေးတွေပဲ ပြန်ခေတ်စားမယ်လို့ထင်ပါတယ်။ ချုပ်ဖြစ်တဲ့ ဒီဇိုင်နာတွေကတော့ မလတ် ၊ ကောင်းမြတ်၊ မစန္ဒာ၊ မကြီးမလေး Cool  ဖက်ရှင် စတဲ့ဆိုင်တွေမှာ ချုပ်ဖြစ်တယ်။ 

နီနီခင်ဇော်

လတ်တလောမှာတော့ ဖက်ရှင်က ကုတ်လေးတွေပဲ ၀တ်ဖြစ်နေတယ်။ မိုးတွင်းလည်း ဖြစ်နေတော့လေ။ ပွဲဆိုရင်တော့ ထုံးစံအတိုင်း ဂါဝန်ပဲဝတ်ပါတယ်။ နီနီက အနီရောင်ကို အရမ်းခရေဇီဖြစ်သလို အရမ်းလည်းကြိုက်တယ်။ အနီဝတ်ထားရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသလို ခံစားရတယ်။ ပရိသတ်တွေကတော့ နီနီကို စကဒ်လေးတွေနဲ့လိုက်တယ်လို့ပြောကြတယ်။ နီနီဖြစ်စေချင်တဲ့ နီနီရဲ့ ချစ်သူကတော့ ဗမာပုံစံပဲအမြဲဝတ်တဲ့ သူပေါ့နော်။ လည်ကတုံးနဲ့ယောပုဆိုးပဲ အမြဲဝတ်တဲ့သူမျိုးဆို နီနီကြိုက်ပါတယ်။

မေ

ဖက်ရှင်က အဓိကက ကိုယ်နဲ့လိုက်ဖက်နေတဲ့ဟာကို ရွေးဝတ်တတ်မယ်ဆိုရင်တော့ ခေတ်နောက်လည်း မကျဘူး။ ခေတ်လွန်လည်း ဖြစ်နေမှာမဟုတ်ပါဘူး။ Fashionable ဖြစ်နေမယ်လို့ပဲ ထင်တယ်။ အခုလတ်တလောက အတိုထက်အရှည် ဗမာဆန်ဆန်လေးတွေ ပြန်ဝတ်ဖြစ်နေတယ်။ အရောင်က အရမ်း စပ်ဖြဲဖြဲအရောင်တွေနဲ့ဆို မလိုက်ဘူးလို့ထင်တယ်။ သမီးကိုယ်တိုင်ကတော့ ဘိုဆန်တဲ့ အရောင်တွေကို ပိုကြိုက်တယ်။ ပရိသတ်တွေကတော့ တစ်ခါတလေ ကိုယ်ဝတ်ထားတာလေးတွေ နည်းနည်းဟိုက်နေတာဆိုဝေဖန်တယ်။ တချို့က လိုလို့ပြောတာ။ တချို့ကျတော့လည်း ကဲ့ရဲ့တာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ပိုင်းတော့ ရှောင်ဖြစ်နေတယ်။ ညီမရဲ့ ချစ်သူကတော့ ရိုးရိုးပါပဲ။ Gentle Man ပုံစံပဲပေါ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.