ကိုလက်စထရောကျဆေး မသောက်သုံးကြတော့တဲ့လူတွေ ပိုများလာတာကြောင့် နှလုံးဖောက်မှုအန္တရာယ်ပါ များပြားလာ

index.jpeg

ဒိန်းမတ်နိုင်ငံကသုတေသနပညာရှင်တွေရဲ့တွေ့ ရှိချက်အရ လူတွေဟာ သွေးတွင်းကိုလက်စထရော ဖြစ်တည်မှုကို တိုက်ဖျက်ပေးတဲ့ ဆေးဝါးတွေမှီဝဲမှုကို ရပ်တန့် ပစ်လိုက်ကြတာကြောင့် နှလုံးဖောက်နိုင်ခြေ အန္တရာယ်ဟာ ၂၆ ရာခိုင်နှုန်းမြင့်တက်လာပြီး နှလုံးနှင့်သွေးလမ်းကြောင်းဆိုင်ရာရောဂါတွေကြောင့် သေဆုံး နိုင်ခြေဟာ ၁၈ ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ သိရပါတယ်။

Statins ကိုလက်စထရောကျဆေးတွေကို မကောင်းဖော်ပြတဲ့ဆေးပညာသတင်းတွေကြောင့် လူတွေဟာ စတေတင်မှီဝဲမှုလျော့ကျာသွားသွားပြီး နှလုံးဖောက်မှုဖြစ်နိုင်ခြေလည်း ပိုများလာတယ်လို့  သိရပါတယ်။
Statins ဆိုတဲ့ ကိုလက်စထရောကျဆေးတွေဟာ ကမ္ဘာမှာစိတ်အချရဆုံးဆေးဝါးတစ်ခုအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စတေတင်ဆေးစတင်မှီဝဲတဲ့အခါမှာ မပြင်းထန်တဲ့ နောက်ဆက်တွဲလေးတွေဖြစ်တဲ့ ကြွက်သားနာကျင်ကိုက်ခဲတာမျိုးနဲ့ ဆိုးရွားတဲ့အခြေအနေမှာ  ကြွက်သားဆဲလ်ပျက်စီးမှုတွေ ဖြစ်နိုင်တယ်လို့  ဆိုပါတယ်။

ဒါပေမယ့် လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ ပါမောက္ခ Nordestgaard က “ တကယ်လို့ ဆေးအကြောင်းမကောင်းသတင်းတွေထွက်လာရင် ဒီဆေးရဲ့ အကျိုးကျေးဇူးက သတင်းစာထဲမှာပါတဲ့ မဆိုစလောက်ဆိုးကျိုးတွေထက် အဆပေါင်းများစွာ အလေးသာနေတယ်ဆိုတာ လူနာကို ရှင်းပြပေးမယ့် ဆရာဝန်တွေလိုအပ်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Ref: Mirror,techtimes

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.