သွေးထဲ သကြားဓာတ် ပမာဏများနေကြောင်းပြသည့် လက္ခဏာများ

signs_and_symptoms_of_high_blood_sugar_1.jpg

သကြားဓာတ်သွေးထဲဝင်ရောက်ခြင်းမှ ထိန်းပေးသည့် အင်ဆူလင် မလုံလောက်ခြင်းက ခန္ဓာကိုယ်ဆဲလ်များကို စွမ်းအင်အဖြစ်သုံးဖို့ လိုအပ်သည့် ဂလူးကို့စ် မရရှိအောင် တားဆီးပေးပါတယ်။

အနာကျက်ကြန့်ကြာခြင်း

ဒဏ်ရာ၊ နာတရတွေ သက်သာပျောက်ကင်းဖို့ ခန္ဓာကိုယ်မှာ သွေးလည်ပတ်မှုကောင်းမွန်နေဖို့ လိုပါတယ်။ ဆီးချိုရောဂါက သွေးလွတ်ကြောနဲ့ အာရုံကြော နှစ်ခုလုံး ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ထို့ကြောင့် အနာရောဂါ သက်သာပျောက်ကင်းမှု နှေးကွေးစေပါတယ်။

ဗိုက်ပိုစားခြင်း

ဆီးချိုရောဂါကို မထိန်းသိမ်းသေးသ၍ ခန္ဓာကိုယ်ဟာ မိမိစားတဲ့ အစားအစာကို စွမ်းအင်အဖြစ်သို့ ပြောင်းလဲနိုင်စွမ်း မရှိပါဘူး။ အပြန်အလှန်အနေနဲ့ မိမိဆဲလ်တွေဟာ ဂလူးကို့စ်ငတ်နေတာကြောင့် ဗိုက်ဆာမှု ခံစားနေစေပါတယ်။

မကြာခဏ ဆီးသွားခြင်း

ဆီးချိုရောဂါဖြစ်တဲ့အခါ ခန္ဓာကိုယ်အတွင်း သကြားဓာတ် လွန်ကဲမှု ဖြစ်ပွားပါတယ်။ ကျောက်ကပ်အနေနဲ့ လွန်ကဲနေတဲ့ သကြားဓာတ်ကို စစ်ယူဖို့ အချိန်ပို လုပ်ဆောင်ရပါတယ်။ ကျောက်ကပ်မှ မနိုင်မနင်းဖြစ်တဲ့အခါ ဆီးအဖြစ် စွန့်ထုတ်ရပါတယ်။ အဲဒီအချက်ကြောင်း ဆီးခဏခဏ သွားစေပြီး ရေဓာတ်ခန်းခြောက်ခြင်းနဲ့ ရေငတ်တာတွေ စတင်ဖြစ်ပေါ်စေပါတယ်။

ရေငတ်ခြင်း

သွေးထဲ သကြားဓာတ် များပြားလာခြင်းက ကျောက်ကပ်ကို ဝန်ပိုပိစေပါတယ်။ ဒါ့ကြောင့် မကြာခဏ ဆီးသွားစေကာ ရေဓာတ်ခန်းခြောက်ခြင်းနဲ့ ရေငတ်မှုဖြစ်စေပါတယ်။

မျက်စိမှုန်ခြင်း

ဆီးချိုရောဂါက မျက်စိဖူးယောင်စပြီး အမြင်အာရုံကို ချို့တဲ့စေပါတယ်။ မျက်စိမှုန်ဝါးတာဟာ ဆီးချိုရောဂါကြောင့်ဖြစ်တဲ့ စိုးရိမ်ဖွယ် မျက်စိရောဂါ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါ ရှိသူတွေမှာ ဖြစ်ပွားတတ်ပြီး သတိထားသင့်တဲ့ အဓိက မျက်စိပြသနာ ၃ ခုမှာ အတွင်းတိမ်၊ ရေတိမ် နဲ့ မျက်ကြောလွှာတို့ ဖြစ်ပါတယ်။ 

Ref: Indiatimes

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.