သြစတြေးလျနိုင်ငံကမြစ်ထဲမှာ ယူရိုငွေတစ်သိန်း ထူးဆန်းစွာမျောပါလာတာကို လူငယ်တစ်ယောက် ဆယ်ယူရရှိ

index.jpeg

ယူရိုငွေတစ်သိန်းကျော်ရှိတဲ့ ငွေစက္ကူတွေဟာ သြစတြေးလျနိုင်ငံ၊ ဗီယင်နာမြို့ တော်က မြစ်ထဲမှာ မျောပါ လာတာကို လူငယ်တစ်ဦးက ဆယ်ယူရရှိခဲ့ပါတယ်။ အကယ်၍ တစ်နှစ်အတွင်း ဒီပိုက်ဆံတွေရဲ့ပိုင်ရှင်ကို ရှာမတွေ့ ပါက၊ အဆိုပါ ကံကောင်းတဲ့လူငယ်လေးဟာ ငွေအကုန်လုံး ကို ရရှိသွားမှာဖြစ်ပါတယ်။

ဒီငွေတွေဘယ်ကမျောပါလာလဲဆိုတာ သြစတြေးလျရဲတွေ အခုထက်ထိအဖြေရှာမတွေ့ သေးကာ၊ လောလောဆည်မှာတော့ ရဲစခန်းမှာ ငွေစက္ကူတွေကို အခြောက်ခံထားလျက်ရှိတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့ မှာ ယူရိုငွေ ၁၀၀ တန်နဲ့ ၅၀၀ တန်ငွေစက္ကူတွေ၊ စုစုပေါင်း ယူရိုတစ်သိန်းကျော်ရှိတဲ့ ငွေစက္ကူတွေ မြစ်ထဲ မျောပါလာတာကို လူငယ်တစ်ဦးက စတင်တွေ့ ရှိခဲ့ကာ မြစ်ထဲခုန်ဆင်းသွားတာကြောင့် အနီးနားကလူတွေက သေကြောင်းကြံစည်တယ်ထင်ပြီး ရဲတွေကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခင်းဖြစ်ရာနေရာကို ရဲတွေရောက်လာချိန်မှာတော့ လူငယ်ဟာ မြစ်ထဲက ငွေစက္ကူတွေကို ကမ်းပေါ် ဆယ်တင်နေတာကို တွေ့ ခဲ့ရပါတယ်။

ရဲတွေရဲ့အဆိုအရ ဒီငွေတွေနဲ့ ပတ်သတ်တဲ့ မှုခင်းဖြစ်ရပ်မျိုးလည်း ဒီရက်ပိုင်းမှာ မရှိခဲ့သလို ပိုင်ရှင်လည်း မပေါ်တာကြောင့် ပထမဆုံးတွေ့ ရှိတဲ့လူငယ်အနေနဲ့  ပိုင်ဆိုင်သွားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
သြစတြေးလျနိုင်ငံရဲ့ဥပဒေအရ၊ ကောက်ရတွေ့ ရတဲ့ငွေတွေကို ရဲစခန်းလာအပ်သူတိုင်းဟာ စုစုပေါင်း ငွေပမာဏ ရဲ့ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအတွင်း တောင်းဆိုရယူပိုင်ခွင့်ရှိပါတယ်။

Ref: Metro

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.