Linkin Park ရဲ့ Hybrid Theory ကတော့ modern rock ရဲ့လူကြိုက်အများဆုံး album တစ်ခုဖြစ်ပါတယ်။ အချပ်ရေသန်းချီရောင်းရပြီး ဇယားထိပ်တွေမှာလဲနေရာတွေရခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ့အခွေထဲကသီချင်းတိုင်းကို ဂီတသမိုင်းမှာ လွန်လွန်ကျုးကျူးအဖွင့်ဆုံးသီချင်းဖြစ်တဲ့ Psy ရဲ့ Gangnam Style နဲ့ remix လုပ်လိုက်ပြီဆိုရင်သင်ဘယ်လိုများခံစားရမလဲ။
Rosalina Sama ဆိုသူဖန်တီးခဲ့တဲ့ Youtube playlist အပြည့်မှာ Hybrid Theory ထဲကသီချင်းတိုင်းကို Gangnam Style ရဲ့ စာသားတွေနဲ့ရောထားပါတယ်။ Gangnam Style ရဲ့ကြားနေကျပုံစံဟာ သီချင်းတိုင်းနဲ့အံဝင်ခွင်ကျဖြစ်မှာမဟုတ်တာကြောင့် Linkin Park ရဲ့သီချင်းတွေနဲ့ကွက်တိဖြစ်ဖို့ အဆိုကို နှေး၊မြန်၊ဖြတ်၊ညှပ်၊ကပ် တွေတော့လုပ်ထားပါတယ်။
Psybrid Theory လို့နောက်ပြောင်အမည်ပေးထားတဲ့သီချင်းကို အောက်က Link မှာနားထောင်နိုင်ပါတယ်။
Ref:loudwire
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။