ဒီဝါကျွတ်မှာ သတင်းကြီးလှတဲ့ မြန်မာအနုပညာရှင်များရဲ့ အချစ်ရေးသတင်းများဟာလှုပ်ခတ်လှပေမဲ့ အတိအလင်းဖွင့်ဟကြေညာသူကတော့ သရုပ်ဆောင်မှတစ်ဆင့် အနုပညာလောကထဲကို ၀င်ရောက်လာပြီးဂီတနယ်ပယ်ထဲမှာ လိုက်ပါစီးမျောပြန်တဲ့ ပရိသတ်များ ချစ်ခင်အားပေးကြတဲ့ သရုပ်ဆောင် အဆိုတော် ၀ိုင်းစုခိုင်သိန်းပဲဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်ဟာ ဖြင့် သူမအတွက် စုတ်ရော၊ လာဘ်ရော ၀င်တဲ့ နှစ်တစ်နှစ်လို့တောင်ပြောရမလိုပါပဲ။ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ သူမရဲ့ အာဘွားတေးစီးရီး ဟာဆိုရင်ဖြင့် Audio CD မှာတင် ပရိသတ်များ တစ်ခဲနက်အားပေးကြတဲ့ အတွက်ဒါဟာလာဘ်ဝင်တယ်လို့ဆိုရမှာပါ။ နောက်တစ်ခုကတော့ သူမရဲ့ ပရိသတ်များ သိချင်နေတဲ့ သူမရဲ့ မင်္ဂလာသတင်းဟာဆိုရင်ဖြင့် ၂၀၁၄ ဖေဖော်ဝါရီမှာ သေချာပြီလို့ သိခဲ့ရပါတယ်။ သူမရဲ့ မင်္ဂလာသတင်းနဲ့ပတ်သတ်ပြီး ၀ိုင်းစုတို့ချစ်သူသက်တမ်း ၃နှစ်ကျော်ကြာလာပြီးမှ အခုလို လက်ထပ်ဖြစ်တာပါ။ သူကယောကျာ်းပီသတယ်။ တစ်ယောက်နဲ့တစ်ယောက်လဲနားလည်မှုရှိကြတဲ့အတွက်အခုလို ဘ၀လက်တွဲဖော်အဖြစ်ရွေးချယ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ သူမနဲ့ သူမရဲ့ချစ်သူကိုဥက္ကာကြူတို့ရဲ့ ၂၀၁၄ ဖေဖော်ဝါရီလမှာကျင်းပမဲ့ မင်္ဂလာပွဲအစီအစဉ်များကတော့ ၂၀၁၄ ဖေဖော်ဝါရီလ ၉ရက်နေ့မှာ မင်္ဂလာလက်မှတ်ရေးထိုးမည်ဖြစ်ပြီး၊ ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် မင်္ဂလာဦးဆွမ်းကျွေး အလှူတော်မင်္ဂလာပြုလုပ်မှာ ဖြစ်ပါတယ်။ ထို့အပြင် ဖေဖော်ဝါရီ၁၄ရက် နံနက်ပိုင်းမှာ ရန်ကုန် ဆီဒိုးနားဟိုတယ်မှာ ဘိသိက်မင်္ဂလာအခမ်းအနားကို ကျင်းပသွားမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၄ရက်ညပိုင်းတွင် မင်္ဂလာညစာစားပွဲကိုတော့ ရန်ကုန်မြို့က ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ပြည်သူ့ချစ်မင်းသမီးလေး ၀ိုင်းစုခိုင်သိန်းရဲ့ မင်္ဂလာသတင်းနဲ့ပတ်သတ်ပြီး သူမရဲ့ မိခင်ဖြစ်သူရဲ့ ခံစားချက်က အချိန်တန်အရွယ်ရောက်လာပြီဆိုတော့ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့် ပေါ့နော်။ နှစ်ဖက်မိဘတွေကလဲ သဘောတူကြတယ့်အတွက် မိခင်တစ်ယောက်အနေနဲ့ဝမ်းသာပါတယ်။ လို့ပြောပြပေးခဲ့ပါတယ်။
၂၀၁၄ဖေဖော်ဝါရီမှာ မင်္ဂလာသတင်း သေချာပြီလို့ ပြောလာတဲ့ ၀ိုင်းစုခိုင်သိန်း

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။