ပြီးခဲ့သည့် နိုဝင်ဘာလ(၆)ရက်နေ့က အိမ်ရှင်အေဂျက်စ်နှင့် ဆဲလ်တစ်အသင်းတို့ ကစားခဲ့သော ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အတွင်း အိမ်ကွင်းပရိသတ်များက လူမျိုးရေးခွဲခြားသော စာတန်းများဖြင့် အားပေးခဲ့ကြခြင်းအတွက် ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေမှ ဒဏ်ငွေ ယူရို (၂၅၀၀၀) ချမှတ်လိုက်ပြီဖြစ်သည်။ နယ်သာလန် ချန်ပီယံအသင်းမှာ စကော့တလန်ချန်ပီယံအား ကွင်းလယ်ကစားသမား လက်ဆီရှက်ဟိုနီ၏ တစ်လုံးတည် သောအနိုင်ဂိုးဖြင့် (၃)မှတ်ရယူခဲ့ပြီးနောက် တတိယနေရာသို့တက်လှမ်းနိုင်ခဲ့သည်။ ထိုနေ့ညက ပွဲစဉ်သို့လာ ရောက်အားပေးခဲ့ကြသည့် အေဂျက်စ်ပရိသတ်များထဲမှ လူနည်းစုမှာ စကော့တလန်သားများအား လူမျိုးရေးခွဲ ခြားဆက်ဆံထားသည့် စာတန်းများကို ဝှေ့ယမ်းကာ အားပေးခဲ့ကြခြင်းကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်ဘက် မှ ယင်းသို့သော ဒဏ်ငွေကို ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့သော အပြုအမူမျိုးကို ပြုလုပ်မည်ဆိုပါက သတ်မှတ်ချက်များအရ ဒဏ်ငွေယူရို (၅၀၀၀၀)အထိတပ်ခံ ရမည်ဖြစ်သော်လည်း အေဂျက်စ်အသင်းတာဝန်ရှိသူများ၏ ထိုစာတန်းကိုင်ဆောင်ထားခဲ့သူများအား ချက်ချင်း တားမြစ်ခဲ့ခြင်းများကြောင့် ယူအီးအက်ဖ်အေမှ ဒဏ်ငွေကို ထက်ဝက်လျော့ချပေးခဲ့ခြင်းဖြစ်သည်။ ထိုပွဲစဉ်အပြင် အောက်တိုဘာ(၂၂)ရက်နေ့က စကော့တလန်နိုင်ငံသို့ သွားရောက်ကာ ဆဲလ်တစ်နှင့် ကစားခဲ့သည့်ပွဲတွင်ဆို လျှင်လည်း အေဂျကစ်ပရိသတ်များက အလားတူလုပ်ရပ်များအပြင် ပြသနာရှာခဲ့မှုများလည်းရှိခဲ့ရာ စည်းကမ်း ထိန်းသိမ်းရေးကော်မတီက ဆက်လက်စစ်ဆေးနေဆဲဖြစ်ပြီး နိုဝင်ဘာ(၂၁)ရက်နေ့တွင် အမိန့်ချမှတ်ရန်ရှိသည်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။