ကော်ဖီသောက်ရင် သတ်သေနိုင်ဖွယ်နှုန်း ၅၀ရာခိုင်နှုန်းလျော့

coffee-coffee-13874629-1920-1200.jpg

ကော်ဖီကို တစ်နေ့နှစ်ခွက်ပုံမှန်သောက်ရင် မိမိကိုယ်မိမိ အဆုံးစီရင်မှုနှုန်း ၅၀ရာခိုင်နှုန်း လျော့နည်းစေပါတယ်လို့ လေ့လာမှုသစ်တစ်ရပ်အရ သိရပါတယ်။

ဟားဗတ်တက္ကသိုလ် လူထုကျန်းမာရေးဋ္ဌာနက သုတေသီတွေဟာ ယခင်လေ့လာမှု၃ရပ်ကနေ အချက်အလက်တွေကို  ပြန်လည်ကြည့်ရှုခဲ့ကြပါတယ်။ သူတို့တွေ့ရှိခဲ့ရတာကတော့ အရွယ်ရောက် အဆုံးစီရင်သွားခဲ့သူတွေထဲက တစ်ဝက်ခန့် ဟာ ကဖိန်းဓါတ်ပါတဲ့ကော်ဖီကို လုံးဝမသောက်ဘူးဆိုတာပါ။

အမျိုးသမီး၊အမျိုးသား အရေအတွက် ၂သိန်းမှာ ကော်ဖီသောက်သူတွေနဲ့ ကော်ဖီမသောက်သူတွေဆိုပြီး ဆန်းစစ်လေ့လာခဲ့ပါတယ်။ ကဖိန်းဓါတ်ပါတဲ့ကော်ဖီတွေကို ၆နှစ်ခွဲခန့် အချိန်ကြာအောင် သောက်သုံးခဲ့သူတွေထဲမှာ မိမိကိုယ်မိမိအဆုံးစီရင်သွားတဲ့သူ အရေအတွက်ဟာ ၂၇၇ဦးပဲရှိပါတယ်။

ကဖိန်းဓါတ်ဟာ ဦးနှောက်ရဲ့ ပင်မအာရုံကြောစနစ်ကို လုံ့ဆော်ပေးပါပြီး ဆာရိုတိုနင်၊ ဒိုပါမင်၊ နော်ရာဒရီနလိုင်း စတဲ့ ဦးနှောက်ကို ခံစားလို့ကောင်းစေမယ့်ဓါတ်တွေကို စိတ်ကျသက်သာဆေး အဖြစ် ထုတ်လွှတ်ပေးပါတယ်။

ဒီလေ့လာတွေ့ရှိချက်ဟာ ကော်ဖီသောက်နှုန်းကို မြှင့်ပေးသင့်တယ်လို့တော့ မဆိုလိုပါဘူး။ ကျန်းမာရေးကောင်းပြီး အရွယ်ရောက်ပြီးသူတစ်ဦးဟာ တစ်နေ့ကို ကော်ဖီ ၂ခွက်မှ ၄ခွက်အတွင်းသာ သောက်သင့်တယ်လို့ ထောက်ခံချက်ပေးထားပါတယ်။ ကော်ဖီ အလွန်အကျွံသောက်ရင် မျက်စိကြောင်တာ၊ ရင်တုန်တာ၊ အိပ်မပျော်တာ၊ ကြွက်သားတွေ တသိမ့်သိမ့်တုန်တာ၊ နှလုံးခုန်မြန်တာ စတဲ့ စိတ်လက်မသက်သာစရာ ဘေးထွက်ဆိုးကျိုးတွေရလာနိုင်တယ်လို့ ကျွမ်းကျင်ပါရဂူကြီးတွေက ပြောထားပါတယ်။ 

Ref:MedicalNewsToday

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.