တစ်နိုင်ငံလုံးဆိုင်ရာ မြန်မာအမျိုးသမီးများစကားဝိုင်းသို့ ပေးပို့ လာသော အင်ဂျလီနာဂျိုလီဧ။် သဝဏ်လွှာပေးပို့ စာ

angelina_jolie.jpg

 

နိုဝင်ဘာလ ၁၀ရက်နေ့ မှာ ပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်ခဲ့တဲ့  မြန်မာနိုင်ငံဧ။် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးအတွက် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများစကားဝိုင်း (National Women’s Dialogue: Peace, Security and Development in Myanmar) ကို ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ်၊ လူမှုရေးနယ်ပယ်အရပ်ရပ်တွေမှာလည်း တက်ကြွစွာပါဝင်လှုပ်ရှားသူ မင်းသမီး အင်ဂျလီနာဂျိုလီက ကိုယ်တိုင်တက်ရောက်အဖွင့်အမှာစကားတွေပြောကြားချင်ခဲ့ပေမယ့် တခြားနေရာမှာ ကတိပေးထားပြီးသားတွေရှိနေတာကြောင့် မတက်ရောက်လာနိုင်ဘဲ သတင်းစကားကိုသာပေးပို့ ခဲ့ပါတယ်။ ဒီသဝဏ်လွှာကို အဆိုတော် ရုပ်ရှင်သရုပ်ဆောင် Dr. ချစ်သုဝေက အင်္ဂလိပ်နဲ့ မြန်မာ နှစ်မျိုးလုံးကို ဖတ်ပြပေးခဲ့ပါတယ်။

 

ပေးပို့ လာတဲ့ သဝဏ်လွှာထဲမှာဆိုရင် ဒီမိုကရေစီနိုင်ငံအဖြစ် တိုးတက်ပြောင်းလဲနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေကြုံတွေ့ နေရတဲ့ ခွဲခြားမှုတွေ၊ ထိခိုက်နစ်နာမှုတွေ နဲ့  လူ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ကာကွယ်တားဆီးဖို့ ကို အမျိုးသမီးတွေအားလုံးလက်တွဲပြီး အနာဂတ်မှာ နိုင်ငံတော်အဆင့်ထိ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချရာတွေမှာ အမျိုးသမီးတွေပါဝင်လာနိုင်အောင် ကြိုးစားသွားလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်တဲ့။ အဖွင့်စကားလေးဖြစ်တဲ့ “No society can reach its full potential without empowering women” (အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းကို မြှင့်တင်ဆောင်ရွက်ပေးခြင်းမရှိပဲ မည်သည့်လူ့ အဖွဲ့ အစည်းမှ တိုးတက်နိုင်စွမ်းရှိသလောက် အပြည့်အဝ တိုးတက်မှာမဟုတ်ပါဘူး) က မှန်ကန်လေးနက်ပြီး ပွဲတက်ရောက်ကြတဲ့ အမျိုးသမီးတွေအားလုံးကို ရည်ရွယ်ချက်ပန်းတိုင်မရောက်မချင်း ဇွဲမလျှော့ဖို့ မီးမောင်းထိုးပြနေသလိုပါပဲ။

ဂျိုလီပေးပို့ ထားတဲ့ သဝဏ်လွှာကတော့ အောက်ပါအတိုင်းပါပဲ။

 

Angelina Jolie’s Message for National Women’s Dialogue: Peace, Security and Development in Myanmar

 

“No society can reach its full potential without empowering women.

 

So I admire your efforts to build a nationwide coalition of women and to seize the moment of opportunity facing Burma/Myanmar today.

 

Like you, I hope to see women fully involved in peacemaking, peace-building, governance and economic development here. This is essential for overcoming conflict and building a democratic future for your country.

 

To my mind, this must include addressing the needs of vulnerable and marginalized communities, extending the benefits and protections of citizenship to everyone, and ensuring that the survivors of sexual violence and other human rights violations in the conflict areas receive the care and justice they deserve. I welcome the efforts you and others are making to bring about reforms and make this positive change a reality.

 

These are enormous challenges, but they hold the key to unlocking your country’s huge potential. And in all these areas your role as civil society is absolutely crucial.

 

So I wish you every success in your work, and I will be watching the outcome of your National Women’s Dialogue with great interest.”

 

Yours sincerely,

Angelina Jolie

Special Envoy of the UN High Commissioner for Refugees Co-Founder of the Preventing Sexual Violence Initiative

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.