စီးရီးအေဘောလုံးပွဲစဉ်များ တစ်ပတ်တာအနားယူခဲ့ပြီးတဲ့နောက်မှာ ဒီတစ်ပတ်ပွဲစဉ်(၁၈)ကို ပြန်လည်ကစား သွားတော့မှာဖြစ်ပါတယ်။ ဒီပွဲစဉ်ထဲက အကောင်းဆုံးပွဲတစ်ပွဲဖြစ်လာမှာကတော့ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ဂျူဗင် တပ်စ်နဲ့ (၅)မှတ်ကွာဒုတိယနေရာက ရိုး မားတို့ရဲ့ပွဲပါပဲ။ ဂျူဗင်တပ်စ်ကွင်းမှာက စားရမှာဖြစ်တာကြောင့် နောက်ဆုံးစီးရီး အေ(၉)ပွဲဆက်အနိုင်ရခဲ့တဲ့ အိမ်ရှင်အသာ စီးရသွားမယ်လို့ အများစုက ထင်ကြေး ပေးလျက်ရှိနေကြပါတယ်။ ဒါပေမယ့် လည်း ရိုးမားကွင်းလယ်ကစားသမားပ ရန်ဂျစ်ကတော့ ဂျူဗင်တပ်စ်ကိုရှိန်နေမှာ မဟုတ်ပါဘူးတဲ့။
“သူတို့က တအားအင်အား တောင့်တင်းတဲ့အသင်းပါ။ ဒါပေမယ့် ကြောက်နေမှာတော့ မဟုတ်ဘူးဗျ။ အခြား ပြိုင်ပွဲဝင်အသင်းတွေနဲ့ တန်းတူနေပေမယ့် ဂျူဗင်တပ်စ်နဲ့ နည်းနည်းလှမ်းနေတယ်။ ဘာပဲဖြစ်ဖြစ် ဒီပွဲကပွဲကြီးပွဲကောင်းတစ် ပွဲဖြစ်လာပါလိမ့်မယ်။ အိမ်အပြန်မှာ အ ဖိုးတန်အမှတ်ရအောင်ယူဖို့ စိတ်ဆုံးဖြတ် ထားကြပါတယ်”လို့ ပရန်ဂျစ်က ပြော ခဲ့ပါတယ်။ သူတို့နှစ်သင်း ဂျူဗင်တပ်စ် ကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ မှတ်တမ်း များအရဆိုရင်တော့ ဂျူဗင်တပ်စ်အသာ စီးရမှုက ထင်သာမြင်သာရှိလွန်းနေတာ အမှန်ပါပဲ။ အဲဒီပွဲများမှာ အိမ်ရှင်အသင်း (၃)ပွဲလုံးအနိုင်ရထားရာမှာ သွင်းဂိုး(၁၁) ဂိုးအထိရခဲ့ပြီး တစ်ဂိုးပဲပေးထားရတာ ကြောင့် ရိုးမားအတွက် စိုးရိမ်စရာရှိနေ တာတော့ အမှန်ပါပဲ။