တကယ်လို့များ သင်ဟာ အဆီပြန်တဲ့အသားအရေမျိုး ပိုင်ဆိုင်ထားသူတစ်ယောက်ဆိုရင်တော့ အစိုဓါတ်ထိန်းခြင်းနဲ့ အာဟာရပြည်တဲ့ အသားအရေဖြစ်ဖို့အတွက် moisturiser တွေ ရွေးချယ်သုံးစွဲဖို့ အကြံပေးချက်တစ်ချို့ လာပါပြီ။
အဆီပြန်တဲ့ဒုက္ခကို ခံစားနေရသူတွေကတော့ ဘယ်လို moisturiser မျိုးက ကိုယ်နဲ့သင့်တော်မလဲဆိုတာကို စဉ်းစားရင်းနဲ့ပဲ အချိန်တွေအတော်များများ ကုန်ဆုံးနေရမှာပါ။ အဲ့နောက်မှာတော့ moisturiser သုံးရမှာ လန့်လာပြီး ရှောင်ရင်းရှောင်ရင်းနဲ့ လုံးဝ မသုံးဖြစ်တော့တဲ့ အဆင့်အထိရောက်သွားနိုင်ပါတယ်။ ဒါတွေက သင့်အသားအရေကို ပိုပြီးဆိုးဝါးလာစေနိုင်တဲ့ အကြောင်းအရာတွေပါ။
ဒါပေမယ့် ဘယ်အသားအရေအမျိုးအစားမဆို အားလုံးကတော့ ရေဓါတ်ကိုထိန်းသိမ်းဖို့ လိုအပ်တာချည်းပါပဲ။ အခုဖော်ပြပေးမှာကတော့ skin care ဂုရုကြီး Louise Tear ပြောတဲ့ အဆီအကုန်ဖယ်ရှားပေးပြီး အသားအရေကို ခြောက်သွေ့မသွားစေမယ့် သော့ချက်တစ်ချို့ပါပဲ။
“အဆီပြန်တဲ့အသားအရေအတွက် အကောင်းဆုံး moisturiser ကတော့ lightweight ဖြစ်ရမယ်။ non-comedogenic ဖြစ်ရပါမယ်။ ဘာကိုဆိုလိုသလဲဆိုရင် moisturiser က ချွေးပေါက်တွေကို ပိတ်မနေစေရဘူး။ အဆီပါဝင်မှု ကင်းရှင်းရမယ်” လို့ Louise က ပြောထားပါတယ်။
ထူထဲလေးလံတဲ့ ကရင်မ်တွေဟာ အဆီပြန်တဲ့အသားအရေနဲ့ မသင့်တော်ပါဘူး။ ပေါ့ပါးရမယ်။ အဆီမပါတဲ့ ဖော်မြူလာဖြစ်ရမယ်။ အဲဒါတွေကမှ အပြစ်အနာအဆာမရှိတဲ့ ရွေးချယ်မှုပါ။ ဒါပေမယ့် အစက်အပြောက်တွေလဲ မဖြစ်တာမျိုး ရွေးချယ်ရပါမယ်။
ဖောင်ဒေးရှင်း ရွေးမယ်ဆိုရင်တော့ အဆီနဲ့ ကရင်မ် အမျိုးအစား ဖောင်ဒေးရှင်းတွေကို ရှောင်ကျဉ်ပြီး ပေါင်ဒါဖောင်ဒေးရှင်းမျိုးနဲ့ အစားထိုးရပါမယ်။ ပေါင်ဒါအမျိုးအစား ဖောင်ဒေးရှင်းအချို့က အနည်ထိုင်မှုကင်းဝေးပြီး ချွေးပေါက်မပိတ်သွားတဲ့အပြင် ထပ်ထွက်လာတဲ့ အဆီအချို့ကိုတောင် စုပ်ယူနိုင်စွမ်းရှိတယ်လို့ အကြံပေးပြောကြားထားပါတယ်။
Ref:herworldplus