ကျွန်တော် Rap ဆိုတာမဟုတ်ဘူး flow ရွတ်တာလို့ဆိုလိုက်တဲ့ Method Man

method-man.jpg

Wu-Tang Clan အဖွဲ့ဝင်လဲဖြစ် Tupac နဲ့ The Notorious B.I.G တို့နှစ်ယောက်လုံးနဲ့ အတူတူတွဲအလုပ်လုပ်ခဲ့ဖူးတဲ့ artist တစ်ယောက်လဲဖြစ်တဲ့ Method Man ဟာ ၁၉၉၃ Enter The Wu-Tang (36 Chambers) album ကစပြီး သူ့ရဲ့ဖန်တီးမှုစတိုင်လ်သစ်တွေကြောင့် နာမည်ကြီးလာခဲ့တာပါ။ သူ့ရဲ့ သူမတူတဲ့ စာသားစတိုင်လ်တွေက သူရဲ့ melodic ဆန်တဲ့ပုံစံနဲ့ rapping ဆိုထားတဲ့ Method Men သီချင်းကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။

မကြာသေးမီက  Method Man ဟာသူ့ရဲ့ rap ဆိုတဲ့စတိုင်လ်က အခြား rapper တွေနဲ့ကွဲပြားကြောင်းကိုပြောပြပါတယ်။

XXL နဲ့လုပ်တဲ့ အင်တာဗျူးမှာ “ကျွန်တော် rap ဆိုတာမဟုတ်ပါဘူး” လို့ပြောပါတယ်။ “ကျွန်တော်တကယ်ပြောတာပါ။ ကျွန်တော် rap မဆိုပါဘူး။ ကျွန်တော် flow ရွတ်တာပါ။ ခင်ဗျားမှာ rapper ရှိတယ်။ MC တွေရှိတယ်ဆိုရင် flow သမားတွေလဲရှိရမှာပဲလေ။ ဘယ်လိုပြောပြရမလဲဗျာ။ Busta (Rhymes) ကိုပဲကြည့်။ သူက flow သမားတစ်ယောက် သူ့အနိမ့်အမြင့်အတက်အကျစတိုင်လေးနဲ့သူကျေနပ်နေတာ။ သိတယ်မှတ်လား။ ကျွန်တော်က အဲဒီ့လိုင်းကိုခိုက်သွားတာ။ ကျွန်တော် Rap မဆိုပါဘူး။ ကျွန်တော်က MC တစ်ယောက်ပါ။ flow သမားတစ်ယောက်ပါ” လို့ပြောသွားပါတယ်။

Method Man ဟာသူ့ရဲ့ “How High” သီချင်းမှာသူ့ flow စတိုင်လ်ရဲ့ နမူနာဖြစ်ကြောင်းကိုပြောသွားပါတယ်။

“ဆေးခြောက်ရဲ့အကြောင်းသီချင်းကိုခင်ဗျား တခြားနည်းလမ်းနဲ့ဘယ်လိုမျိုးစဆိုမှာလဲ” လို့ပြောပြီး Method Man က Jimi Hendrix ရဲ့Purple Haze သီချင်းကိုဆိုပြပါတော့တယ်။ “ဒါမျိုးကရိုးရှင်းတဲ့အရာတစ်ခုပါ။ လူတွေကကျွန်တော့ကိုတစ်ဖက်သတ်အမြင်နဲ့ဝေဖန်တဲ့အခါ ကျွန်တော့ကိုယ်ကျွန်တော်ဂုဏ်ယူတယ်။ “သူလုပ်နေတာက flow ရွတ်တာသပ်သပ်ပဲ ဒါမှမဟုတ်သူကာရန်တွေဆိုတာ။ ဒါပေမယ့် ဘာအဓိပ္ပါယ်မှမရှိဘူး” လို့ပြောကြတယ်။ တကယ်တော့မသိသာမထင်ရှားတဲ့ အဓိပ္ပါယ်တွေဆိုတာမျိုးရှိပါတယ်” လို့ပြောသွားပါတယ်။

Ref:hiphopdx

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.