Show Lo ဟာ copycat လား။ ထိုင်ဝမ်စတားဟာ သူ့ကို G-Dragon နဲ့ အခြားသော နာမည်ကြီးတွေရဲ့ စတိုင်တွေကို ခိုးချတယ်လို့ စွပ်စွဲသူတွေကို ကျေးဇူးတင်ကြောင်း အခိုင်အမာ ပြောလိုက်ပါတယ်။
အသက် (၃၄)နှစ်ရှိပြီဖြစ်တဲ့ ထိုင်ဝမ်လူမျိုးအဆိုတော်က သူ့ကို ကိုရီးယားရဲ့ ဖက်ရှင် ရှေ့ပြေးတစ်ဦးဖြစ်တဲ့ G-Dragon ရဲ့ စတိုင်တွေကို ကူးယူတယ်လို့ ဆိုသူများကို “Thanks you, haters” လို့ ပြောသွားပါတယ်။ အဖြူရောင်ဆံပင်ချွတ်လိုက်တဲ့ သူ့ကို ဒါဟာ G-Dragon ရဲ့ ဆံပင်စတိုင် သော့ချက်တစ်ခု ဖြစ်တယ်လို့ ပြောကြပါတယ်။
ဒါကို သူက Life နဲ့အင်တာဗျူးမှာ “ဒါ ကိစ္စမရှိပါဘူး။ တကယ်လို့ သူတို့ကျွန်တော့်ကို မကြိုက်ဘူးဆိုရင် သူတို့ကျွန်တော့ကို ကျိန်းသေ bash (ပြင်းထန်စွာပုတ်ခတ်) မှာပေါ့။ ကျွန်တော့်ဆံပင်တွေကို ရွှေရောင်ချွတ်လိုက်တဲ့အတွက် တိုင်းတပါး စတားတစ်ဦးကို တုပတယ်လို့ သူတို့ဆိုတယ်။ တကယ်လို့ သူတို့အနေနဲ့ ကျွန်တော့်ကို အပြစ်ရှာချင်တယ်ဆိုရင် ဆက်လုပ်ပါ။ ကျွန်တော်ကတော့ ကျေးဇူးတင်နေဦးမှာပါ” လို့ ပြောသွားပါတယ်။
အဖွဲ့တစ်ဖွဲ့ကဆိုရင် သူ့အတွက် ဖေ့စ်ဘုတ် စာမျက်နှာတောင် လုပ်ထားပါတယ်။ အဲဒီ ဖေ့စ်ဘုတ်စာမျက်နှာမှာ သူ့ရဲ့ အ၀တ်အစား၊ သူကတဲ့ပုံစံ အစရှိတာတွေထဲက တစ်စုံတစ်ယောက်ကို ခိုးချတယ်လို့ ယူဆလို့ရတဲ့ အကွက်တွေကို ဓါတ်ပုံတွေနဲ့ ဝေေ၀ဆာဆာ ဖော်ပြထားတာပါ။
“တကယ်မုန်းတဲ့လူတစ်ယောက်ဟာ ဆန့်ကျင်ဖက် comments တွေနဲ့ ဖေ့ဘုတ် စာမျက်နှာတစ်ခုဖန်တီးပြီးတော့ သူတို့အချိန်တွေကို မဖြုန်းတီးပါဘူး။ ဒါတွေဟာ ကျွန်တော့်ကို အနှောင့်အယှက်မဖြစ်စေပါဘူး။ သူတို့တွေဟာ တနည်းအားဖြင့် ကျွန်တော့်ရဲ့ fans တွေလိုပဲ တကယ်တမ်းတော့ ကျွန်တော်ကို ချစ်နေတာပါ” လို့ ပြောသွားပါတယ်။
ဒီငွေရောင်ဆံပင်ရဲ့ အဓိပ္ပါယ်ဟာ တစ်စုံတစ်ယောက်ကို ခိုးချတယ်လို့ ပြောလို့မရပါဘူးလို့ သူက ထပ်ပြီးပြောသွားပါသေးတယ်။
Ref:herworldplus