ဂျပန်၊ ကိုလံဘီယာတို့နှင့် ကစားမည့် နယ်သာလန်၏ပွဲများတွင် ဗန်ပါဆီမပါနိုင်တော့

news_b.jpg

ယခုတစ်ပတ်အတွင်း ဂျပန်၊ ကိုလံဘီယာအသင်းတို့နှင့် ကစားရန်စီစဉ်ထားသော နယ်သာလန်အသင်း၏ ချစ်ကြည်ရေးခြေစမ်းပွဲများတွင် မန်ယူတိုက်စစ်မှူး ရော်ဘင်ဗန်ပါဆီအနေဖြင့် ပေါင်ခြံဒဏ်ရရရှိထားမှု ကြောင့်ပါဝင်နိုင်တော့မည်မဟုတ်ကြောင်း သိရသည်။ ဗန်ပါဆီမှာ အာဆင်နယ်ကို အနိုင်ရစေမည့်တစ် လုံးတည်းသော ခေါင်းတိုက်အနိုင်ဂိုးကို သွင်းပေးခဲ့ပြီး ပွဲပြီးရန် (၅)မိနစ်အလိုတွင် ဖယ်လိုင်နီနှင့် လူစားလဲ ကာ ထွက်ခဲ့ရသေးသည်။ အသက်(၃၀)အရွယ်ရှိလာပြီဖြစ်သော ဗန်ပါဆီမှာ အဆိုပါ ပေါင်ခြံဒဏ်ရာကြောင့်ပင်  ရီးရဲလ်ဆိုစိဒက်နှင့် ချန်ပီယံလိဂ်အုပ်စုပွဲ၊ လီဗာပူးလ်၊ နော့ဝှစ်ခ်ျတို့နှင့် ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်များ ကို လွဲချော်ခဲ့ရသေးသည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ထိုဒဏ်ရာကြောင့်ပင် ပရီးမီးယားလိဂ် တွင် ပွဲဆက်တိုက်ကစားမှုစံချိန်မှာ ပွဲ(၉၀)နှင့် ရပ်တန့်ခဲ့ရသေးသည်။

အတည်မပြုနိုင်သေးသော သတင်းများအရဆိုလျှင် မန်ယူနည်းပြဒေးဗစ်မိုရက်စ်၏ ပြင်းထန်သော လေ့ကျင့်ခန်း အစီအစဉ်များကြောင့် ဗန်ပါဆီ၏ဒဏ်ရာများမှာ အခြေအနေပိုမိုဆိုးရွားလာခဲ့ပြီး မကြာခဏဒဏ်ရာရနေခဲ့ခြင်းဟု သိရသည်။ သို့သော်လည်း အဲဗာတန်နောက်ခံလူ လေတန်ဘိုင်းနက်စ်ကမူ ၀ိန်းရူနီဆိုလျှင် မိုရက်စ်၏ လေ့ကျင့် ခန်းများကြောင့် ယခင်ထက်ပိုမိုကြံ့ခိုင်လာကာ အထူးခြေစွမ်းပြနေနိုင်သည်ဟု ပြောထားခဲ့သည်။နိုင်ငံတကာပွဲ စဉ်များရှိနေသောကြောင့် ကလပ်အသင်းပွဲစဉ်များအနားမှ အနားရနေချိန်တွင် ဗန်ပါဆီအတွက် ဒဏ်ရာသက် သာစေရန် အကောင်းဆုံးအနားယူနိုင်မည်ဖြစ်ရာ မန်ယူအတွက်တော့ အကျိုးရှိစေမည်ဖြစ်သည်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.