လာမည့် စနေနေ့နံနက် အစောပိုင်းတွင် ကိဗ်မြို့သို့ သွားရောက်ကာ ကစားရမည့် ၂၀၁၄ ကမ္ဘာ့ဖလား Play- off ပွဲစဉ်သို့ ကြောက်လန့်မှုမရှိဘဲ သွားရောက်ကစားကြရန် အထူးလိုအပ်နေကြောင်း ပြင်သစ်ကွင်းလယ်ကစား သမား ဖရန့်ရစ်ဘာရီက တိုက်တွန်းလာခဲ့ပြီဖြစ်သည်။ ပြင်သစ်လက်ရွေးစင်အသင်းမှာ ယူကရိန်းအသင်းနှင့် Play-off နှစ်ကျော့ကစားပြီး အနိုင်ရကျော်ဖြတ်နိုင်မှသာလျှင် ဘရာဇီးလ်နိုင်ငံတွင် ကျင်းပပြုလုပ်သွားမည့်ကမ္ဘာ့ ဖလားပြိုင်ပွဲကြီးဆီသို့သွားရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ “ ဒီလိုပွဲမျိုးတွေက အရမ်းကို ထူးခြားပြီး ခက်ခဲမှု တွေဝန်းရံထားတာပါ။ ဖိအားတွေကို ဖယ်ရှားပြီး ကစားနိုင်ဖို့ လိုအပ်တယ်။ ကြောက်နေလို့တော့ မဖြစ်နိုင်ပါဘူး။ ဒီနှစ်ပွဲက ခက်ခဲတဲ့ပွဲတွေဖြစ်လာပါလိမ့်မယ်။ ယူကရိန်းကို လျော့တွက်ပြီး ခြေစစ်ပွဲအောင်ပြီလို့တော့ သတ်မှတ် လို့မဖြစ်ပါဘူး။ သူတို့က ခံစစ်ပိုင်းတောင့်တင်းပြီး ပေးဂိုးအတော်နည်းထားတဲ့အသင်းပါ။ တန်ပြန်တိုက်စစ်လည်း အထူးကောင်းမွန်တဲ့အတွက် ကိဗ်မှာ ရလဒ်ကောင်းအောင်ကြိုးစားရမှာပါ။ အိမ်ကွင်းမှာ ကစားရမယ့်ပွဲကျရင် တော့ အကောင်းဆုံးဖြစ်အောင် လုပ်ရပါမယ်”ဟု ရစ်ဘာရီက ပြောခဲ့သည်။
ပြင်သစ်လက်ရွေးစင်နည်းပြ ဒီဒီယာဒက်ချမ့်ကလည်း ယူကရိန်းအသင်းမှာ အသင်းကောင်းတစ်သင်းဖြစ်ရာ မည်သို့မျှ ပေါ့ဆရန်မဖြစ်နိုင်ကြောင်း၊ ပြင်သစ်တစ်နိုင်ငံလုံးက မိမိတို့အား ဘရာဇီးသို့ သွားခွင့်ရရေးကိုအ လွန်ပင် မျှော်လင့်နေကြကြောင်း ပြောထားသေးသည်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။