လက်ရှိ ကမ္ဘာ့အဆင့်တစ် နာဒဲလ်ကို အနိုင်ယူပြီး ATP World Tour Finals ချန်ပီယံဆုကို ဂျိုကိုဗစ်ကာကွယ်

news_d1.jpg

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ O2 Arena တွင် ကျင်းပပြုလုပ်ခဲ့သော ATP World Tour Finals ဗိုလ်လုပွဲတွင် ဆားဘီးယားတင်းနစ်သမား နိုဗက်ဂျိုကိုဗစ်က စပိန်တင်းနစ်သမား လက်ရှိကမ္ဘာ့အဆင့်တစ် ရာဖေးလ်နာဒဲလ် ကို (၆-၃)(၆-၄)ဖြင့် အပြတ်အနိုင်ယူကာ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပြီဖြစ်သည်။ ထိုပွဲအား အနိုင်ရဗိုလ်စွဲခဲ့ ခြင်းကြောင့် (၂၆)နှစ်အရွယ် ဂျိုကိုဗစ်မှာ (၂၂)ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကောင်းကို ရရှိလာခဲ့သလို ရာသီအ ပိတ်ပြိုင်ပွဲတွင်လည်း တတိယအကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ “ဒီပြိုင်ပွဲဟာ ဂရင်းစလင်းပွဲ တွေပြီးရင် တင်းနစ်ပြိုင်ပွဲတွေရဲ့ အမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။ ရင်ဆိုင်ရတဲ့ ပြိုင်ဘက်တွေက တဖြည်းဖြည်း ချင်း အဆင့်မြင့်လာပါတယ်။ ကျွန်တော့အနေနဲ့ အခုလိုလက်စွမ်းပြနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူနေမိပါတယ်”ဟု ဂျို ကိုဗစ်က ပြောခဲ့သည်။
အရေးနိမ့်ခဲ့သော နာဒဲလ်က ပရိသတ်များ၏ အားပေးမှုကို အလွန်ပင် ကျေးဇူးတင်မိပါသည်ဟု ပြောလာခဲ့သည်။ “ ဒီနှစ်ဟာ ကျွန်တော့ကစားသမားဘ၀မှာ အကောင်းဆုံးနှစ်တစ်နှစ်ဖြစ်ပါတယ်။ ဒီကွင်းကြီးထဲမှာ ကစားခွင့်ရလာတာကိုက ကျွန်တော့အတွက် အရမ်းခမ်းနားနေခဲ့ပါတယ်။ ပရိသတ် တွေကိုလည်း ဒီနေ့တစ်ခဲနက် အားပေးခဲ့မှု့တွေအတွက် အရမ်းပဲ ကျေးဇူးတင်နေမိမှာပါ။ ဒီတစ်ရက် တည်းအတွက်မဟုတ်ပါဘူး။ တစ်ပတ်လုံးအားပေးခဲ့တာတွေအတွက်ရောပေါ့။ ကျွန်တော့ကို အားပေး ကြတဲ့ ပရိသတ်တွေအားလုံးနောက်နှစ်မှာ ပြန်တွေ့ကြမယ်ဗျာ”ဟု ပြောခဲ့ခြင်းဖြစ်သည်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.