ဖီဖာအကောင်းဆုံးဂိုး ဆန်ကာတင် (၁၀)ဦးစာရင်းတွင် ထူးထူးခြားခြားအဖြစ် အမျိုးသမီးနှစ်ဦးပါဝင်လာခဲ့

news_c1.jpg

၂၀၀၉ခုနှစ်မှ စတင်ကာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ ပေးအပ်လာခဲ့သည့် တစ်နှစ်တာအတွင်း အကောင်းဆုံးဂိုး သွင်းယူနိုင်သူဆု (Fifa Puskas Award)အတွက် ယခုနှစ် ဆန်ကာတင်(၁၀)ဦးစာရင်းထွက်ပေါ်လာခဲ့ရာ ထူး ထူးခြားခြားဟုဆိုရလောက်အောင် အမျိုးသမီး(၂)ဦး ပါဝင်လာခဲ့သည်ကို တွေ့ရသည်။ ထိုအမျိုးသမီးနှစ်ဦးမှာ Sky Blue FCအသင်းမှ သြစတြေးလျတိုက်စစ်မှူး လီဆာဒီဗန်နာနှင့် အိုလံပစ်လီယွန်အမျိုးသမီးအသင်းမှ လူ ၀ီဆာနက်ဆစ်တို့ဖြစ်ကြပြီး အခြားထိပ်တန်းဘောလုံးသမားများနှင့်အတူ ပါဝင်လာခဲ့ခြင်းဖြစ်သည်။ အခြားဆန် ကာတင်(၈)ဦးထဲတွင် ဆွီဒင်တိုက်စစ်မှူး ဇလေတန်အီဗရာဟီမိုဗစ်ခ်ျ၏ အင်္ဂလန်ဘက်သို့ နောက်ပြန်ကန်ချက် ဖြင့် သွင်းခဲ့သောဂိုး၊ နေမာ၏ ကွန်ဖက်ဒရေးရှင်းဖလားတွင် ဂျပန်ဘက်သို့ မြေမကျကန်သွင်းခဲ့သောဂိုးတို့လည်း ပါဝင်လျက်ရှိကြသည်။ ၂၀၁၃ခုနှစ်၏ ဖီဖာအကောင်းဆုံးဂိုး (Fifa Puskas Award)အတွက် ဆန်ကာတင်(၁၀) ဦးမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ပီတာအန်ဒါဆန် (အက်စ်ဘာ့ဂျာ) ၂။ လီဆာဒီဗန်နာ (စကိုင်းဘလူး) ၃။ ဒီနာတယ်လီ (အူဒီးနစ်)
၎။ အီဗရာဟီမိုဗစ်ခ်ျ (ဆွီဒင်) ၅။ ပနာဂီယိုတစ်ကိုနီ (နာပိုလီ) ၆။ လူဒူယန်နာ ၇။ နီမန်ဂျာမတ်တစ် (ဘင်ဖီကာ)
၈။ နက်ဆစ် ( လီယွန်) ၉။ နေမာ (ဘရာဇီးလ်) ၁၀။ ဟွမ်မန်နူရယ်အိုလီဗာရာ (နော့တီကို)

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.