စိတ်ဖိစီးမှုခံစားရတဲ့အချိန် ဒါတွေ စားသုံးပြီး ဖြေရှင်းနိုင်

ice-cream-main.jpg

စိတ်ဖိစီးမှု ခံစားနေရင် သို့မဟုတ် စိတ်ဓာတ်ကျ အားငယ်နေရင် ကော်ဖီ သို့မဟုတ် လတ်ဆတ်တဲ့ အသီးအရွက်စိမ်းတွေ သုံးဆောင်ပေးပါက စိတ်ကို ပြန်လည် တက်ကြွစေနိုင်ပါတယ်။

Global mobile food delivery marketplace ဖြစ်တဲ့ Foodpanda အရ စိတ်ပျော်မှုအတွက် အောက်ပါ စားသောက်ကုန်အချို့ကို စားသုံးပေးနိုင်တယ်လို့ ဆိုပါတယ်။

·         ကော်ဖီဆိုတာ အရေးကြီးဆုံးဖြစ်တဲ့ ကျန်းမာခြင်းကို ပေးနိုင်တဲ့ ဆေးတစ်ခွက်ဖြစ်ပါတယ်။ နာရီဝက်အတွင်း ကော်ဖီက ကျွန်ုပ်တို့ ဦးနှောက်အာရုံကြောစနစ်ကို အကျိုးသက်ရောက်မှုဖြစ်စေပြီး ဦးနှောက်ကို နိုးကြားစေပြီး အာရုံစူးစိုက်မှု မြင့်တက်စေတဲ့ ဟော်မုန်းများ ထုတ်လုပ်ပေးပါတယ်။

မိမိစိတ်ကို နိုးဆွပေးရုံတင်မက နှလုံးကိုပါ ကာကွယ်ပေးကာ ကင်ဆာရောဂါဖြစ်ပွားမှုအန္တရာယ် လျော့နည်းစေပါတယ်။ ကော်ဖီတစ်ခွက်သောက်တာနဲ့ အားလုံးက ချက်ချင်း ပြောင်းလဲသွားကြပါတယ်။

·         လတ်ဆတ်တဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်များနဲ့ သံဓာတ်ကြွယ်ဝတဲ့ သစ်သီးတွေက အချိန်တိုအတွင်း စိတ်ပျော်ရွှင်မှု ပိုမိုရရှိစေပြီး သွေးလည်ပတ်မှုနဲ့ နွမ်းလျခြင်း ပြသနာတွေကို ဖြေရှင်းပေးပါတယ်။

·         သစ်သီးနို့ဖျော်ရည်တွေမှာ အစာခြေဖျက်အားကောင်းစေပြီး တစ်ငုံစုပ်သောက်တိုင်း အားအင်တိုးကာ ပျော်ရွှင်မှု ပိုရသလိုခံစားစေပါတယ်။ စိတ်ဖိစီးမှုပြေပျောက်စေဖို့ အာဟာရ ဓာတ်ရင်းမြစ်ကြီးအဖြစ် လူသိများတဲ့ သစ်သီးနို့ဖျော်ရည်က ကိုယ်ခံအား တိုးမြင့်စေပါတယ်။

·         ဆာမွန်ငါး၊ ငါးသလောက်၊ ငါးသေတ္တာငါး၊ နဲ့ တူနာငါး စတဲ့ အဆီများသော ငါးများက လူကို စိတ်ဖိစီးမှုခံစားနေတဲ့အချိန် စိတ်ပျော်ရွှင်မှု ပိုရစေပါတယ်။ စိတ်ကို နိုးဆွလန်းဆန်းစေနိုင်ပါတယ်။

·         ရေခဲမုန့်က လူကြိုက် အများဆုံး အချိုတည်းစရာဖြစ်ပါတယ်။ ရေခဲမုန့်ခွက်ကြီးကြီးတစ်ပွဲက စိတ်ကို အမြဲတက်ကြွမှုပေးပါတယ်။

Ref: TOI

232 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.