ဂီတနဲ့ပတ်သတ်ရင် ပရိသတ်အားပေးတဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားသလို ဆုပေါင်းများစွာကိုလဲ ဆွတ်ခူး ပိုင်ဆိုင်ရရှိထားတဲ့ Rဇာနည်က စတုတ္ထမြောက် တစ်ကိုယ်တော် အခွေကိုပြင်ဆင်နေပြီလို့ သိရတာကြောင့် မေးမြန်းကြည့်လိုက်တဲ့အခါ ‘အခု လာမဲ့ ၁၈ရက်နေ့ ည၇နာရီခွဲ အမျိုးသားကဇာတ်ရုံမှာ မခိုင်ကြီး၊ အဲလက်စ်တို့နဲ့အတူ Trio Showပွဲလေးဆိုဖို့ရှိတယ်။ ပြီးရင် ကျွန်တော်စတုတ္ထမြောက် အခွေကို စီစဉ်နေတယ်။ ဒီပွဲလေးကို ပါဝင်ဖြစ်ပုံက ဦးပီးပေါ်ရယ် ကိုဥက္ကာတို့က ဒီပွဲလေးကို လုပ်ဖြစ်ဖို့စီစဉ်ခဲ့ကြတာ အချိန်တစ်ခုတောင်ရှိနေပါပြီ။ လုပ်ဖြစ်တဲ့ အခါကျတော့လဲ ကိုယ်တို့တွေ ပါဝင်ဖြစ်သွားတာပါ။ ပွဲမှာက ကိုယ့်ရဲ့သီချင်းအသစ်တွေ၊ အဟောင်းတွေအပြင် အတွဲသီချင်းတွေကိုလဲသီဆိုသွားမှာပါတဲ့။ ထွက်ရှိထားတဲ့ အဆိပ်တက်အိမ်မက် အမ်တီဗီနဲ့ ပတ်သတ်ပြီးတော့လဲ နယ်တွေကတော့သီချင်းတောင်းကြတယ။် ဒီအခွေလေးကို ထွက်တဲ့အချိန်မှာ ခေတ်အခြေအနေက ယိုင်နဲ့နေပြီ။ ထွက်တာကလဲကြာပြီ။ ပြီးတော့ကော်ပီ တွေကြီးပဲ ဆိုတော့လေ။ အခွေကလဲ ထွက်ထားတာကြာပြီဖြစ်တဲ့ အတွက် ပရိုဂျူဆာ စိတ်မပါတာတောင် အစ်ကိုက ထုတ်လိုက်တာပါ’လို့ သူကပြောပါတယ်။
ပြင်ဆင်ထားတဲ့ စတုတ္ထအခွေနဲ့ပတ်သတ်ပြီးတော့လဲ သူက ‘ကော်ပီတစ်ပုဒ်မှမပါဘူး။ အကုန်Own Tuneတွေကြီးပါပဲ။ သီချင်းတွေလဲ သေချာအပ်ထားတယ်။ လင်းလင်းဆို ၅ပုဒ်လောက်ပြတယ် ။ မကြိုက်ရင်ပြန်ရေးပေးမယ် ဆိုတာမျိုး။ အဲလိုမျိုးလေးတွေဆိုတော့ သေချာစီစဉ်လို့ရတာာပေါ့။ ကျန်တဲ့ တေးရေးတွေက ဖိုးကာပါတယ်။ Rခိုင်ပါမယ်။ ကိုကေအေတီပါမယ။် ရေမွန်ပါမယ်။ ရေမွန်တစ်ပုဒ်က ကိုယ်အမေရိကား သွားတုန်းက MTVရိုက်ခဲ့တာ။ သင်္ကြန်အပြီး လောက်တော့ ထွက်နိုင်အောင်ကြိုးစားထားပါတယ်’တဲ့။