The Face Shop ရဲ့Top Girl Model 2013 ဆုရှင် စုပွင့်ဦးကို သူမရဲ့ လတ်တလောအနုပညာ လှုပ်ရှားမှုတွေအပြင် ရှေ့ဆက်သွားမယ့် အနုပညာခရီးလမ်းကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်တဲ့အခါ သူမက ‘စုပွင့် လတ်တလောမှာတော့ ရှိုးပွဲတွေမှာ သီချင်းဆိုဖြစ်နေပါတယ်။ ရှိုးပွဲဆိုတာထက် Miss ပြိုင်ပွဲလို ရှိုးတွေမှာ ပိုပြီး ဆိုဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ Jelli အဖွဲ့အနေနဲ့ မဆိုပဲ စုပွင့်ဦးအနေနဲ့ပဲ ဆိုဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စုပွင့်ရဲ့ ညီမက နိုင်ငံခြားမှာ ရောက်နေတော့ လောလောဆယ်မှာ စုပွင့်တစ်ယောက်တည်း ဖြစ်နေတာကြောင့် ရယ်၊ နောက်ပြီး ပွဲစီစဉ်သူတွေက သီချင်းဆိုဖို့ လာကမ်းလှမ်းတဲ့အခါမှာလည်း စုပွင့်ဦးအနေနဲ့ပဲ ဆိုစေချင်တာလည်း ပါပါတယ်။ အဲဒီလိုနဲ့ စုပွင့်ဦးဆိုပြီး ဆိုဖြစ်သွားတယ်။ ဒါပေမဲ့ ညီမလေးပြန်ရောက် လာခဲ့ရင်တော့ Jelli အဖွဲ့အနေနဲ့ပဲ ပြန်ဆိုဖြစ်သွားမှာပါ။ အခုလည်း စုပွင့်တို့ Jelli အဖွဲ့ရဲ့ Singel အခွေထွက်ရှိနိုင်အောင်လို့ သီချင်းတွေ စုနေပါတယ်။ ထွက်ရှိဖို့ကတော့ ကြာအုံးမယ်။ စုပွင့်က အရင်ကတည်းက သရုပ်ဆောင်လုပ်တာထက် သီချင်းဆိုရတာကိုပဲ ပိုပြီးခုန်မင်တယ်။ ဝါသနာပါခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ သရုပ်ဆောင်လုပ်ဖို့ ကမ်းလှမ်းလာခဲ့ရင်တော့ သရုပ်ဆောင်ပေးသွားမှာပါ။ နောက်ပိုင်းမှာတော့ သရုပ်ဆောင်လုပ်တာထက်ကို သီချင်းဆိုတာကို ပဲဦးစားပေးပြီးတော့ လုပ်ဖြစ်သွားမယ်လို့ထင်ပါတယ်’လို့ ပြောပြသွားခဲ့ပါတယ်။
သရုပ်ဆောင်လုပ်တာထက် သီချင်းဆိုတာကိုပဲ ဦးစားပေးပြီးလုပ်ဖြစ်သွားမယ်လို့ ဆိုတဲ့ စုပွင့်ဦး

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။