Sweatshirt တွေက အရင်တုန်းက ဒီမှာသိပ်ခေတ်မစားပေမယ့် ခုနောက်ပိုင်တော့ လူငယ်တော်တော်များများ ၀တ်ဆင်လာကြတာ တွေ့ရပါတယ်။ နိုင်ငံတကာက အနုပညာရှင်တွေ ကိုယ်တိုင်လည်း ဒီလို sweatshirt တွေကို ထသွားထလာအတွက်တင် မဟုတ်ဘဲ ပွဲတက်အထိတောင် ဆင်းမြန်းလာကြတာမို့ Sweatshirt ဖက်ရှင်ရေစီးကြောင်း ဘယ်လောက် အရှိန်အဟုန် ကောင်းလာသလဲဆိုတာ ခန့်မှန်းမိကြမှာပါ။ ရင်ဘတ်မှာ အမိုက်စား စာလုံး၊ နံပါတ်၊ ဆောင်ပုဒ် စတဲ့ စတစ်ကာတွေနဲ့ sweatshirt တွေဟာ ဈေးကွက်မှာ တွင်တွင်ကျယ်ကျယ် ရောင်းချနေရသလို လူငယ်တွေ နှစ်ခြိုက်စွာ အ၀တ်ဆုံးစာရင်းမှာလည်း ပါဝင်နေတာကြောင့် ပုံလေးတွေနဲ့တကွ ဖော်ပြပေးလိုက်တယ်နော်။
၁။ ခုနောက်ပိုင်း sweatshirt တွေနဲ့ ပွဲတက်လာတဲ့အထိကို နိုင်ငံတကာမှာ ခေတ်စားလာတာပါ။
၂။Sweatshirt တွေထဲမှာ အနက်ရောင်နဲ့ မီးခိုးကတော့ ခေတ်အစားဆုံး ကာလာတွေပါ။
၃။ ကိုယ်ကြိုက်တဲ့ နံပါတ်နဲ့ sweatshirt တွေ့လို့ကတော့ မလွတ်တမ်း ၀ယ်သာထားလိုက်ပါ။ နံပါတ်နဲ့ sweatshirt တွေက ဘယ်တော့မှ ရိုးသွားမှာမဟုတ်လို့လေ။
၎။Sweatshirt တွေကို ပွဲတက်အတွက်ဆို အမိုက်စား စကတ်တွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်သလို ထသွားထလာအတွက်ဆိုရင်တော့ ပေါ့ပေါ့ပါးပါးရှိမယ့် စကတ်ဒီဇိုင်းမျိုးလေးတွေနဲ့ တွဲဝတ်ကြည့်လိုက်ပေါ့။
၅။ ကာလာလေးတွေနဲ့ ၀တ်ချင်တဲ့ပျိုမေတွေအတွက်လည်း sweatshirt အရောင်ဆန်းလေးတွေ ရှာဖွေဝတ်ဆင်ကြည့်လိုက်ပါဦး။
Ref:luckymag.com