Korn အဖွဲ့ထဲက ဖန်တီးမှုပိုင်းဆိုင်ရာ မတူကွဲပြားမှုတွေကို ကျော်လွှားခဲ့ရတဲ့ အကြောင်းပြောတဲ့ Jonathan Davis နဲ့ James ‘Munky’ Shaffer

korn.jpg

Korn ရဲ့ album အသစ် The Paradigm Shift ထွက်လာတာ အခုဆိုရင် ၁လခန့်ရှိပြီဖြစ်ပြီး သူတို့ဝိုင်းဟာဒီအခွေရဲ့အကြောင်းကိုမီဒီယာတွေမှာ ပြောဆိုနေရပါပြီ။ မကြာသေးမီကလုပ်ခဲ့တဲ့ Sixx Sense ရေဒီယိုအစီအစဉ်က အင်တာဗျူးမှာ ၀ိုင်းထဲပြန်ဝင်လာတဲ့ ဂစ်တာသမား Brian ‘Head’ Welch နဲ့နောက်တစ်ခါပြန်ပြီးအသံသွင်းရတဲ့ အခြေအနေနဲ့ ဖန်တီးမှုပိုင်းဆိုင်ရာမတူကွဲပြားမှုတွေကို  Korn ရဲ့ရှေ့ထွက်လူ Jonathan Davis နဲ့ ဂစ်တာသမား James ‘Munky” Shaffer တို့ကပြောပြသွားပါတယ်။

ဖန်တီးမှုပိုင်းဆိုင်ရာမတူကွဲပြားမှုတွေအကြောင်းမေးတဲ့အခါမှာ Davis က “ကျွန်တော်တို့ တစ်ခုခုနဲ့ပါတ်သတ်လာရင်အမြဲတမ်းသဘောတူညီခဲ့တယ်လို့တော့မထင်ပါဘူး။ ဒီဝိုင်းထဲမှာ နောက်ဆုံးထုတ်ကုန်နဲ့ပါတ်သတ်ပြီး ကျွန်တော်တို့အားလုံး ကျေနပ်မှဖြစ်မှာလေ။ အိမ်ထောင်ပြုတာနဲ့တူပါတယ်။ ခင်ဗျားမှာအပေးနဲ့အယူဆိုတာရှိတယ်လေ။” လို့ရိုးရိုးသားသားဖြေသွားပါတယ်။

Shaffer ကလဲ “ကျွန်တော်တို့ ငြှိနှိုင်းရပါတယ်” လို့ဝင်ပြောပါတယ်။

“Welch က Heavy ပိုဖြစ်ပြီးတော့ old school ဆန်တဲ့ပုံစံကိုလုပ်ချင်တဲ့အခါတကယ်ကိုခေါင်းမာတယ်။ ပြီးတော့ကျွန်တော်က new school တွေလုပ်ချင်တာ။ အဲဒီတော့ ကျွန်တော်တို့ ဒီဟာကိုဘယ်လိုမျိုး အောင်အောင်မြင်မြင်နဲ့ပြီးမြောက်အောင်ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားပြီး ငြှိနှိုင်းရပါတယ်။” လို့ Shaffer ကဖြည့်ပြောသွားပါတယ်။

အလွှာတွေထပ်တာနဲ့ electronic အသံတွေထည့်တာကို စဉ်းစားရင်းနဲ့ ဒီအခွေက အောင်အောင်မြင်မြင်နဲ့ပြီးမြောက်ခဲ့ပါတယ်။ ကျွန်တော်တို့ ဂစ်တာသံတွေတော်တော်များများလေးထည့်ခဲ့တယ်။  ဂစ်တာသံတွေကို ကြီးကြီးမားမားဖြစ်ဖို့နဲ့ Drum တွေနဲ့ချိတ်ဖို့လုပ်ရာမှာ ခင်ဗျားတို့သိပ်မကြားရတဲ့အသံတွေပါတယ်။ ကြောင်တောင်တောင်နိုင်တဲ့ အလွှာတွေထပ်တာမျိုးကိုကျွန်တော်တို့လုပ်ခဲ့ပါတယ်” လို့ Shaffer ကပြောသွားပါတယ်။

Korn ဟာ Billboard 200 မှာ နံပါတ် ၈ချိတ်ပြီးတော့ Hard Rock Albums ဇယားမှာ ထိပ်ဆုံးရောက်ခဲ့တဲ့ ဒီ album နဲ့ သူတို့ရဲ့အောင်မြင်မှုကိုဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုရဲ့ အကြောင်းအရင်းတစ်ခုဖြစ်တဲ့ အဖွဲ့ရဲ့ငြှိငြှိနှိုင်းနှိုင်းလုပ်တတ်တဲ့လုပ်ရပ်နဲ့ပါတ်သတ်ပြီး Davis က

“ဒါဟာနှစ်ပေါင်းနှစ်ဆယ်ကြာပြီးနောက်ကျွန်တော်တို့ရဲ့အခြေအနေပါ။ ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက်လေးစားကြတယ်” လို့ပြောပါတယ်။

Ref:loudwire

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.