နယူးရီးယားညရဲ့ နတ်သမီးလေးတစ်ပါး ဖြစ်ဖို့ဆိုရင်

2013-new-hot-sell-fashion-womens-dress-black-lace-sleeveless-waist-belt-tops-dress-for-women.jpg

          နယူးရီးယားည ပါတီအတွက် အတောက်ပဆုံးနဲ့ အပေါ်လွင်ဆုံးဖြစ်စေမယ့် ၀တ်စုံတစ်စုံ ရွေးပေးမယ်နော်။ ဒါကတော့ UK မှာ ရွေးချယ်ထားတဲ့ ၀တ်စုံတွေကို မှီငြမ်းဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိဘီရိုထဲမှာ ရှိတဲ့ထဲက ခပ်ဆင်ဆင်လေးတွေ ရှာဖွေကြည့်လိုက်ပါ။

(၁)     အရင်ဆုံး ဂါဝန်ပေါ့။ သောက်သောက်စားစား ရှိကြမယ့် ဒီလိုအချိန်မျိုးအတွက် ဂါဝန်ကို သက်တောင့်သက်သာ ဖြစ်စေဖို့ ခါးနားမှာ အရမ်းမကြပ်တာ ရွေးချယ်လိုက်ပါတယ်။ လည်ပင်က stick ကော်လံနဲ့ လက်အနားဇာလေးတွေက အရမ်းလည်းမိန်းမမဆန်သလို အရမ်းလည်း ယောက်ျားမဆန်ပါဘူး။

(၂)     ဒီညဟာ ယာမကာလေးတွေလည်း မှီဝဲဖြစ်ကြမယ့် ညဖြစ်တာကြောင့် ဖိနပ်သိပ်အမြင့်ကြီးတွေ မရွေးစေချင်ပါဘူး။ ဒီဖိနပ်လေးကတော့ စတိုင်လည်းကျပြီး အဆင့်အတန်းလည်း ရှိစေမယ့် ဒီဇိုင်းပါ။ အန္တရာယ်လည်းကင်းတာပေါ့။

(၃)     တကိုယ်လုံးအနက်တွေကြောင့် အပေါ်လွင်မှာတော့ မစိုးရိမ်ပါနဲ့။ ပုလဲမိခင်လို့ အမည်ပေးထားတဲ့ ဒီပုလဲနှစ်ရောင် လက်ကိုင်အိတ်က သင့်ကို စတိုင်ကျပြီး ပေါ်လွင်စေမှာပါ။ ခပ်ပါးပါးဖြစ်တာကြောင့် ကိုင်ရတာလည်း လွယ်ကူအဆင်ပြေစေပါတယ်။

(၄)     သင့်ရဲ့လှပတဲ့ လက်ချောင်းတွေအတွက် ဒီလိုလက်စွပ် ခပ်ကြီးကြီးမျိုးတစ်ကွင်းကို လက်ညှိုးမှာ စွပ်သွားလိုက်ပါ။ ဒီအင်္ကျံဒီဇိုင်းမျိုးအတွက် လည်ဆွဲကတော့ မလိုအပ်ပါဘူး။

(၅)     ဒီလိုနားဆွဲမျိုး ရွေးချယ်ပါ။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့အသွင်အပြင်ကို အရမ်းကြီး လူငယ်မဆန်စေသလို လူကြီးလည်းမဆန်စေပါဘူး။ သတ်လတ်ပိုင်းရသကို အပြည့်အ၀ ဖော်ကျူးပေးနိုင်မှာပါ။

(၆)     အနည်းငယ် အသစ်အဆန်းထွင်ရင်တော့ ဒီ ဇာမျက်နှာဖုံးလေး တပ်သွားလို့ရတယ်နော်။ အင်္ကျံက ဇာလေးတွေနဲ့လည်းလိုက်ဖက်တယ်လေ။ မျက်နှာဖုံးဆိုပေမယ့် သင့်ကို အလှပျက်စေမှာမျိုး မဟုတ်တဲ့ ဒီဇိုင်းနဲ့ မျက်လုံးနားတ၀ိုက်ပဲ ဖုံးမှာပါ။

          ကဲ … နယူးရီးယား နတ်သမီးလေးကတော့ ဒီမှာပါလို့ ကြွေးကြော်နိုင်ပြီပေါ့။

Ref:elleuk

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.