ခေါင်းမှာ ချိုပေါက်နေတဲ့ အဘွားအို

2bb3582000000578-0-image-a-21_1440669559691.jpg

တရုတ်နိုင်ငံက အဘွားအိုတစ်ယောက်ဟာ ရှားပါးတဲ့ရောဂါရပ် တစ်ခုကို ခံစားနေရပြီး ဦးခေါင်း ထိပ်မှာ ချိုတစ်ခု ဖြစ်ပေါ်နေပါတယ်။

ချိုဟာ လွန်ခဲ့တဲ့ ၈ နှစ်ကစပြီး ယားယံတဲ့ မှဲ့ နက်တစ်လုံးကနေ စတင်ဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့  တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ Liang Xiuzhen နေ အဘွားအိုက ပြောပြပါတယ်။ ဆေးဖက်ဝင် အပင်ကုထုံးတွေနဲ့ အစပထမ ကုသခဲ့သေးတယ်လို့  ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်လောက်မှာ မှဲ့ ဟာ ပေါက်ထွက်ပြီး လက်သန်းအရွယ်လောက်သာ ရှိတဲ့ ချိုတစ်ယောက် အရေပြားပေါ်မှာ စတင်ထွက်ပေါ်လာခဲ့ပါတယ်။  အဘွားအိုရဲ့ သားဖြစ်သူ Wang Zhaojun က အခုလိုပြောပြပါတယ်။
“ ကျွန်တော်တို့ ဆေးရုံသွားခဲ့ကြပေမယ့် ဆရာဝန်တွေဟာ ဒီချိုကြီးထွားမှု ဘာကြောင့် ဖြစ်လဲဆိုတာ ရောဂါမရှာနိုင်ခဲ့ကြပါဘူး။ ကျွန်တော့်အမေကလည်း သူဆေးရုံတက်ရင် အိမ်ကိုပြန်မလာနိုင်တော့ဘူး ထင်ပြီး ဆေးရုံသွားရတာ ကို မကြိုက်ဘူး” ဒီလိုနဲ့ သူတို့ ဟာ ဒီချိုကို လျစ်လျူရှုထားခဲ့ကြပါတယ်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ Zhaojun ဟာ အမေကို ခေါင်းလျှော်ပေးနေရင်း ချိုလေးကို မတော်တဆ ပဲ့ထွက်သွားစေခဲ့ပါတယ်။ ထိုအချိန်ကစပြီး ချိုဟာ မြန်မြန်ဆန်ဆန် ဆက် ကြီးထွားလာခဲ့ တာဖြစ်တယ်လို့ ပြန်လည်ပြောပြပါတယ်။ အခုအခါမှာ ချိုဟာ ငါးလက်မ အရှည်ရှိပြီး အချင်း ၂ လက်မ ရှိနေပြီဖြစ်ပါတယ်။ တစ်ချို့ လန်နေတဲ့ နေရာတွေမှာ သွေးတွေ စထွက်လာခဲ့ပါတယ်။ အဖွားအိုဟာ တစ်ခါတစ်ရံ နာကျင်မှုကြောင့် အိပ်စက်လို့ တောင် မရဘူး လို့ ဆိုပါတယ်။

အခုအခါမှာတော့ အဘွားအိုရဲ့ ရှားပါးရောဂါဟာ အရေပြားက ချိုပေါက်တဲ့ ရောဂါဖြစ်ပြီး ဆရာဝန်တွေက အဖြေရှာနိုင်ခဲ့ပါပြီ။ ဆံပင်နဲ့ လက်သည်းတွေမှာတွေ့ ရတဲ့ keratin ပရိုတိန်းဓာတ်က ချိုကြီးထွားမှုမှာ ပါဝင်နေတယ်လို့  ဆိုပါတယ်။  အဘွားအိုကိုသာ ဆေးရုံဆီ ရအောင်ခေါ်နိုင်မယ်ဆိုရင် ချိုကို ခွဲစိတ်ဖယ်ရှားနိုင်ကြောင်း ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။

Ref: Metro
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.