ယမန်နေ့ညက ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်(၁၂)တွင် မန်ယူက အဆင့်(၁)နေရာတွင် ဦးဆောင်လျက်ရှိ သော အာဆင်နယ်ကို ဗန်ပါဆီ၏ခေါင်းတိုက်ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် မိမိတို့အသင်းအနေဖြင့် လာမည့်နှစ် ဇန်န ၀ါရီတွင် ဇယားထိပ်ဆုံးသို့ရောက်ရန် ပစ်မှတ်ထားနေကြောင်း ၀ိန်းရူနီက ကြုံးဝါးလာခဲ့သည်။ ထိုပွဲကို အ နိုင်ရခဲ့ခြင်းကြောင့် မန်ယူမှာ အဆင့်(၅)နေရာသို့ တက်လာခဲ့ကာ ထိပ်ဆုံးမှ အာဆင်နယ်နှင့်လည်း (၅)မှတ်ကွာ အနေအထားသို့ ရောက်ရှိလာခဲ့ရသည်။ “ အာဆင်နယ်ကို ဘယ်လိုပဲကစားရ ကစားရ နိုင်မှဖြစ်မယ်ဆိုတာကျွန် တော်တို့သိခဲ့ပါတယ်။ ဒီပွဲက ကစားခဲ့ရသမျှပွဲတွေထဲမှာ အခက်ခဲဆုံးပါပဲ။ ကျွန်တော်တို့ ခံစစ်ကို အကောင်းဆုံး ကစားနိုင်ခဲ့ပြီး ဘယ်လိုနည်းနဲ့မှ ရှုံးဖို့မဖြစ်ဘူးဆိုတာ သိခဲ့ပါတယ်။ အာဆင်နယ်နောက်မှာ (၁၁)မှတ်ကွာသွား လို့မဖြစ်နိုင်ပါဘူး။ ဒီပွဲက တကယ့်ကို ယုံကြည်ချက်ပိုရှိသွားအောင် မြင့်တင်ပေးနိုင်ခဲ့ပါတယ်။ နိုင်ငံတကာပွဲ တွေရှိလို့ အားလပ်ရက်ပေးချိန်မတိုင်ခင်မှာလည်း ရလဒ်ကောင်းဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က တော့ နှစ်သစ်ရောက်တဲ့အခါ ဇယားထိပ်တက်နိုင်ဖို့ပါပဲ”ဟု ၀ိန်းရူနီက ပြောပြခဲ့သည်။
ထိုပွဲအပြီးတွင် အာဆင်နယ်နောက်ခံလူဟောင်း နီဂယ်လ်ဝင်းတားဘန်းက ၀င်းဂါးအနေဖြင့် တိုက်စစ်မှူးဂီရော့ဒ် အပေါ်တွင် ရှိနေသော ဖိအားများကို လျော့ချနိုင်ရန်အတွက် ဇန်န၀ါရီဈေးကွက်ကာလတွင် တိုက်စစ်မှူးသစ် တစ်ဦးခေါ်ယူသင့်ကြောင်း အကြံပေးလာခဲ့သည် အာဆင်နယ်တွင် ပိုလ်ဒေါစကီးနှင့် ၀ဲလ်ကော့တို့ ပြန်ကောင်း လာပါက တိုက်စစ်အင်အား မြင့်လာမည်ဖြစ်သော်လည်း ဂီရော့ဒ်နည်းတူ အရည်အသွေးမျိုးရှိသော တိုက်စစ်မှူး ကို ခေါ်ရန် ၀င်းတားဘန်း အကြံပေးထားခြင်းဖြစ်သည်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။