စီးရီးအေပွဲစဉ်(၁၂)တွင် ဂျူဗင်တပ်စ်အသင်းအား အဝေးကွင်းတွင် (၃)ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်းအပေါ် နာပိုလီအသင်းနည်းပြ ရာဖေးလ် ဘင်နီတက်ဇ်က အစဉ်အလာကြီးမားလွန်းလှပြီး ငွေကြေးဓနအင်အား တောင့်တင်းလှသော အသင်းမျိုးအား အရေးနိမ့်ခဲ့ရခြင်းပင်ဖြစ်ကြောင်း မှတ်ချက်ပြုစကားပြောလာခဲ့သည်။ နာပိုလီမှာ ဂျူဗင်တပ်စ်အား အရေးနိမ့်ခဲ့ခြင်းကြောင့် ထိပ်ဆုံးမှ ဦးဆောင်နေသော ရိုးမားနှင့် (၄)မှတ်ကွာ၊ ဒုတိယနေရာမှ ဂျူဗင်တပ်စ်နှင့် (၃)မှတ်ကွာအနေအထားနှင့် တတိယနေရာတွင် (၂၈)မှတ်ဖြင့် ရပ်တည် လျက်ရှိသည်။ “နာပိုလီအသင်းဟာ တစ်ဖြည်းဖြည်းနဲ့ တိုးတက်လာနေတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ အဲဒီ အချိန်မှာ ဂျူဗင်တပ်စ်အသင်းကတော့ ဆုဖလားတွေအလီလီရနေခဲ့ပြီး သူတို့အသင်းကို ချန်ပီယံလောင်းအ သင်းလို့ သတ်မှတ်နေကြတာ သဘာဝကျပါတယ်။ နောက်ပြီး ဂျူဗင်တပ်စ်က နာပိုလီထက် ၀င်ငွေယူရိုသန်း (၁၀၀)လောက် ပိုကောင်းတဲ့အသင်းဖြစ်နေတော့ အနိုင်ရသွားတာ ဘာဆန်းသလဲဗျာ”ဟု နာပိုလီနည်းပြရာ ဖေးလ်ဘင်နီတက်ဇ်က မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
ဂျူဗင်တပ်စ်အတွက် ဂိုးများကို ဖာနန်ဒိုလော်ရန်တီ၊ အန်ဒရီပီယာလိုနှင့် ပေါ့ဂ်ဘာတို့က အသီးသီးသွင်းယူပေးခဲ့ကြခြင်းဖြစ်သည်။အခြားပွဲစဉ်အဖြစ် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသော ရိုးမားမှာ ဆက်ဆူအိုလိုအသင်းနှင့် တစ်ဂိုးစီသရေကစား ခဲ့ရာ အောက်ပိုင်းမှ အသင်းများနှင့် အမှတ်ကွာခြားချက်မှာ တဖြည်းဖြည်းနှင့် ကျဉ်းမြောင်းလာနေပြီဖြစ်သည်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။