ကင်းမြီးကောက်နဲ့ မျိုးရင်းပေါင်းတူတဲ့ တချိန်ကရေအောက်ပင့်ကူ

fossilized-spider.jpg

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၂၀ကျော်က ရှင်သန်နေထိုင်ခဲ့ကြပြီး မျိုးသုဉ်းသွားတဲ့ ရေအောက်ပင့်ကူ ကျောက်ဖြစ်ရုပ်ကြွင်းကို တရုတ်နိုင်ငံမှာရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီရှာဖွေတွေ့ရှိမှုဟာ arthropodမျိုးရင်းတွေရဲ့ ဆင့်ကဲဖြစ်စဉ်နဲ့ ပတ်သက်တဲ့ မျိုးဆက်ပဟေဋ္ဌိကို အဖြေဖော်ရာမှာ အထောက်အကူဖြစ်ပါတယ်။

မျိုးသုဉ်းသွားပြီးဖြစ်တဲ့ ပင့်ကူ၊ကင်းမြီးကောက် မျိုးပေါင်းစုတွေရဲ့ ပင်မအာရုံကြောစနစ်ကို သိပ္ပံပညာရှင်တွေက လေ့လာခဲ့ကြပါတယ်။ ဒီလိုလေ့လာကြည့်ရာမှာ ၃စင်တီမီတာအရှည်ရှိတဲ့ ရေအောက်ပင့်ကူကျောက်ဖြစ်ရုပ်ကြွင်းရဲ့ ဘိုးဘေးတွေဟာ လွန်ခဲ့တဲ့နှစ်သန်း ၅၀၀ကျော်က အင်းဆက်၊ ကဏန်း၊ ကင်းနားသန် စတဲ့ မျိုးပေါင်းစုတွေရဲ့ မျိုးရင်းကဆင်းသက်လာတာပဲဖြစ်တယ်ဆိုတာကို သိခဲ့ရပါတယ်။ ဒီမျိုးပေါင်းစုတွေအားလုံးဟာ လက်သည်းချွန်တွေနဲ့ ခေါင်းကနေပေါက်တဲ့အချွန်ပါကိုယ်ထည် ရှိသတ္တ၀ါတွေပါပဲ။ အာရုံကြောစနစ်နဲ့ ဆန်းစစ်တာကတော့ စိတ်အချရဆုံးပါပဲ။ 

(Ref:designntrend)

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.