ရက် ၃၀ အတွင်း “What Do You Mean” လို့ အမည်ပေးထားတဲ့ ဆင်ဂယ်လ်အသစ် ထွက်ရှိမှာဖြစ်ကြောင်း Justin Bieber ကြေငြာ

unnamed.jpg

Ryan Seacrest နဲ့ ပြုလုပ်ခဲ့တဲ့ ရေဒီယိုအင်တာဗျူးတစ်ခုမှာ Justin Bieber ဟာ ဆင်ဂယ်လ်အသစ်တစ်ပုဒ် မကြာမီ ထွက်ရှိတော့မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါသီချင်းကို “What Do You Mean” လို့ အမည်ပေးထားပြီး သြဂုတ်လ ၂၈ ရက်နေ့ မှာ ထွက်ရှိမှာဖြစ်တယ်လို့ အသက် ၂၁ နှစ်အရွယ် ပေါ့ပ်ကြယ်ပွင့်က ဖြေကြားခဲ့တာပါ။

“ နွေရာသီဆန်ဆန် ပျော်စရာသီချင်းလေးပါ…ပထမဆုံးဆင်ဂယ်လ်က တကယ့်ကို မိုက်ပါတယ်။ ဒီသီချင်းကို Poo Bear ဆိုတဲ့ ဘဲနဲ့ တူတူကြိုးစားပြီး ရေးခဲ့တာပါ” လို့  JB က အမြည်းပြောသွားပါတယ်။
JB ဟာ သူ့ ရဲ့ Instagram မှာလည်း ဗုဒ္ဓဟူးနေ့ က 30 days ဆိုတဲ့ အနက်ရောင်ပုံ တစ်ပုံတင်ခဲ့ပြီး အချိန်ရေတွက်မှု (countdown) စတင်လိုက်ပါတယ်။

Ref: eonline.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.