ပြီးခဲ့သည့် ကြာသပတေးနေ့နံနက်အစောပိုင်းက ကစားခဲ့သော ယူရိုပါလိဂ်ပွဲစဉ်တစ်ပွဲ တွင် အင်္ဂလန်ကလပ်တော့တင်ဟမ်က မော်လ်ဒိုဗာကလပ်ရှာရစ်ဖ်အား အဝေးကွင်းတွင် (၁-၂) ဂိုးဖြင့်အနိုင် ရခဲ့ရာ ဂျာမိန်းဒီဖိုးက ပင်နယ်လ်တီမှတစ်ဆင့် တစ်ဂိုးသွင်းနိုင်ခဲ့သဖြင့် တော့တင်ဟမ်အသင်းတွင် ဥရောပပြိုင်ပွဲများ အတွင်း ဂိုးအများဆုံးသွင်းနိုင်သူအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ပြီဖြစ်သည်။ ယခင်စံချိန်ကို (၂၂)ဂိုးဖြင့် တင် ထားခဲ့သူမှာ အသင်းနှင့်အတူ ၁၉၇၂ခုနှစ် ယူအီးအက်ဖ်အေဖလားရယူနိုင်ခဲ့သူ မာတင်ချီဗာဖြစ်ပြီး မာတင်က ပထမပိုင်းအပြီးတွင် အ၀တ်လဲခန်းအတွင်း ရောက်လာခဲ့ကာ ဒီဖိုးကို အားပေးစကားပြောခဲ့ကြောင်းသိရသည်။
“ တကယ့်ကို ခက်ခဲတဲ့ညပါပဲ။ သူတို့က ကျွန်တော်တို့ကို နေရာလွတ်မပေးခဲ့ပါဘူး။ စိတ်ရှည်ရှည်ထားခဲ့ပြီး ဂိုးရခဲ့တဲ့အတွက် အရမ်းကိုဝမ်းသာမိပါတယ်။ ပထမပိုင်းပြီးတော့ မာတင်ရောက်လာခဲ့ပြီး ကျွန်တော့ကိုမင်း လုပ်နိုင်ပါတယ်လို့ အားပေးခဲ့ပါတယ်။ မာတင်က တကယ့်ဂရိတ်ကြီးပါ။ နောက်ပြီး ပြောချင်တာတစ်ခုက ဂိုး စရသွားတဲ့ အဲရစ်လန်မယ်လာဟာ အရမ်းကိုထူးချွန်တဲ့သူဆိုတာ တွေ့လိုက်ရပါပြီ။ ငယ်ရွယ်ချိန်မှာ နေရာပုံ မှန်မရနိုင်သေးတာကိုတော့ လက်ခံနိုင်ရပါမယ်။ ဒီပွဲမှာ သူခြေစွမ်းပြနိုင်ခဲ့တာကို ၀မ်းသာပါတယ်”ဟု ဒီဖိုးက ပြောခဲ့သည်။