စူပါမင်းန် ဟာ ခုထက်ထိ ခေတ်တုန်းမသွားတဲ့ အမွှန်းတင်ခံရဆုံး ဟီးရိုးပါ။ စူပါးဟီးရိုးတစ်ယောက်ရဲ့ အမှတ်တံဆိပ်ကို ပိုင်ဆိုင်ထားသူ၊ တကယ့်ဒဏ္ဍာရီလာ စူပါဟီးရိုးတစ်ယောက် ဖြစ်ပါတယ်။ စူပါမင်းန် ဟာ အောင်မြင်ပြီးရင်း အောင်မြင်တဲ့ အောင်မြင်မှုများစွာကို ရပြီးရင်းရ နေပါတယ်။ DC နဲ့ Warner Bros တို့က သူတို့ရဲ့ချစ်လှစွာသော စူပါဟီးရိုးကြီးကို ဖြန့်ချိမလို့ဆိုပြီး စာချုပ်ရေးထိုးဖို့ လုပ်ထားကြတယ်။ ကျွန်တော်ကလည်း ခုထက်ထိ အလန်းဆုံးဖြစ်နေတဲ့ ဇာတ်ကွက်တွေကို ပြောပြချင်နေတဲ့အတွက် ဆူညံပွက်လောရိုက် တာလေးတွေ ထပ်မလုပ်ကြပါနဲ့လို့……………….။
စူပါမင်းန် အပြိုင် အနုမြူလူသား (စူပါမင်းန်ရုပ်ရှင် ၄)
စူပါမင်းန်ရုပ်ရှင် ၄ ထဲမှာ ကောင်းကွက်ကို ထောက်ပြဖို့ အတော်တော့ရှားသား။ စူပါမင်းန်ရုပ်ရှင် ၃ထဲက အံ့သြစရာမကောင်းတဲ့ လူကြမ်းတွေထက်တော့ သာပါတယ်။ စူပါ ပါဝါတွေ ပြိုင်ထုတ်ကြတာများ ဂျယ်ရီဆီဂယ် နဲ့ ဂျိုးရှတ်တာ တို့ဖန်တီးထားတဲ့ လက်ဇ်လူသာ လူကြမ်းကာတွန်း ကျနေတာပဲ။ အပိုတွေသိပ်လုပ်တာ။ ၄ကားမြောက် စူပါမင်းန် ရုပ်ရှင်ထဲမှာတော့ ဇော့ နဲ့ ဇော့ရဲ့လူဆိုးဂိုဏ်းတွေကို စူပါမင်းန်က တစ်ယောက်ပြီးတစ်ယောက် ချပစ်တာ။ လကမ္ဘာပေါ်မှာ ချကြတဲ့ အခန်းက တော်တော်လေး ကြည့်လို့ကောင်းတယ်။ စူပါမင်းန်ကလည်း မြေကြီးထဲဝင်တော့မယ့်အလား အထုအထောင်းခံရတယ်လေ။ အဲ့ဒီ့ရုပ်ရှင်ထဲမှာ စူပါမင်းန်ရဲ့ ဆံပင်တွေက အလိပ်လိပ်နဲ့ အသားကလည်း ညိုတိုတိုနဲ့ သူရဲ့ပုံစံက လန်းပါတယ်။
နိုင်ရာဂရာ ရေတံခွန်ကြီး မှာ ကယ်ဆယ်ခြင်း။ (စူပါမင်းန်ရုပ်ရှင် ၂)
ရေတံခွန်ပေါ်ကနေ ချောက်နက်ထဲကို ကောင်လေးတစ်ယောက်ပြုတ်ကျတဲ့ အချိန်မှာ စူပါမင်းန်က စဉ်းစားခွင့်မရလိုက်ပဲ ကောင်လေးကို ကယ်ခဲ့ရတယ်။ စူပါမင်းန်က သူ့ရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းရမလား၊ အပြစ်မဲ့တဲ့ ကောင်လေးကိုပဲ ကယ်တင်ရမလား စိတ်ထဲမှာ လွန်ဆွဲနေခဲ့ပြီး နောက်တော့ တစ်ဟုန်တိုး ဆင်းကယ် ခဲ့တဲ့ အခန်းကလဲ လန်းပါတယ်။
ရဟတ်ယာဉ် ကယ်တင်ခန်း။ (စူပါမင်းန်ရုပ်ရှင် ၁)
စူပါမင်းန် ၀တ်စုံကြီးဝတ်ပြီး သူရဲ့စူပါ ပါဝါ ထုတ်သုံးတာကို အဲ့ဒီ့မှာ စတွေ့တာပဲ။ စူပါမင်းန်က အနားမှာရှိတဲ့ ဖုံးရုံထဲကိုဝင်လိုက်တယ်။ ၀တ်စုံအမြန်လဲတယ်။ ပြီးတော့ အလင်းနှုန်းနဲ့ပြေးပြီး ပျက်ကျတော့မယ့် ရဟတ်ယာဉ်နဲ့ လိုးဝစ် ဆိုတဲ့ ကောင်မလေးကို လွယ်လွယ်လေးနဲ့ ကယ်လိုက်တယ်။ ရဟတ်ယာဉ်မောင်းတွေနဲ့ အောက်ကနေ မော့ကြည့်နေတဲ့ လူအုပ်ကြီးကတော့ သေပြီလို့မှတ်နေကြတဲ့ ဇာတ်ကွက်က ရေလည် လန်းပါတယ်။
ကလာ့ခ် ကန့် အပြိုင် စူပါမင်းန် (စူပါမင်းန်ရုပ်ရှင် ၃)
စူပါမင်းန် ရုပ်ရှင် ၃ဟာ တခြားစူပါမင်းန် ရုပ်ရှင်တွေလောက် မကျော်ကြားဘူး ဆိုပေမယ့် ကျွန်တော့်အထင် တော့ အမှတ်ရစရာ အခိုက်အတန့်လေးတွေ ရှိပါတယ်။ စူပါမင်းန်ဟာ ခရစ်တိုနိုက် ဒြပ်စင်ကြောင့် သူ့ရဲ့အစွမ်းတွေကို ဆုံးရှုံးသွားပြီးတဲ့ နောက်မှာ ရူးကြောင်ကြောင် ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီ့မှာ ကလာ့ခ် ကန့်ဟာ နှစ်ကိုယ်ကွဲသွားပြီး က ကိုယ့်ကိုကိုယ် ဖျက်စီးမယ့် စူပါမင်းပေါ်လာခဲ့ပါတယ်။ ကားသင်္ချိုင်းမှာ ကလာ့ခ်ကန့်နဲ့ စူပါမင်း သူတင်ကိုယ်တင် ချကြပြီး နောက်ဆုံးမှာတော့ လူကောင်းဖြစ်တဲ့ ကလာ့ခ်ကန့်ဟာ မကောင်းဆိုးဝါး စူပါမင်းန်ကို အပြီးအပိုင် ခြေမှုန်းလိုက်နိုင်ခဲ့ပါတော့တယ်။
ညဘက်ပျံသန်းခြင်း။ (စူပါမင်းန်ရုပ်ရှင်)
စူပါမင်းန်နဲ့ မင်းသမီး လိုးဝစ် တို့ဟာ နယူယောက်မြို့ကောင်းကင်မှာ ပျံသန်းခဲ့ကြပါတယ်။ နှစ်ယောက်သား တစ်သားတည်းဖြစ်နေပြီး ဟိုးမိုးကောင်းကင် အထက်ထိ ပျံသန်းခဲ့ကြတယ်လေ။ စူပါမင်းန်နဲ့ လိုးဝစ်တို့ ညနေဆည်းဆာအချိန်လေးမှာ အကြည်စိုက်ကြတဲ့အခန်းကို စိတ်စွဲနေတုန်းပါပဲ။
လေယာဉ်ပျံ ကယ်တင်ခြင်း။ (စူပါမင်းန် ရီတန်း ရုပ်ရှင်)
အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Bryan Singer ရိုက်ကူးခဲ့တဲ့ Superman Returns ကို အကြိုက်ချည်းတော့ မဟုတ်ပါဘူး။ အဲ့ဒီ့ ဇာတ်လမ်းမှာ လူကြမ်းကြီး လဇ် လူသာဟာ လေယာဉ်ကို ထိန်းချုပ်မရအောင်လုပ်ပြီး လေယာဉ်ကိုဇောက်ထိုးကျ စေခဲ့ပါတယ်။ ဒါကို စူပါမင်းန်က အံ့သြစရာကောင်းလောက်တဲ့ အမြင်နဲ့ မြင်သွားပြီး တဟုန်ထိုးသွားရောက်ကယ် ခဲ့ပါတယ်။ ဒီလိုနဲ့ စူပါမင်းန် တကယ်ပြန်လာပြီဖြစ်ကြောင်း ကမ္ဘာကြီးကို အသိပေး ခဲ့ပါတယ်။
တစ္ဆေနယ်မြေသို့ အနှင်ခံရခြင်း။ (စူပါမင်းန် ရုပ်ရှင် ၂)
ဇော့၊ အာဆာ နဲ့ နွန်တို့ဟာ အကျဉ်းချထားခံရပါတယ်။ ဒါကို ဂျိုအယ်လ်က သိထားတယ်။ သူတို့ကို ကောင်စီက ထောင်ဒဏ် တစ်သက်တစ်ကျွန်းချထားတာပါ။ ခရစ်ပတွန်ဂြိုဟ်သား သူပုန်သုံးဦးကို အကျဉ်းချထားတဲ့ အာကာသထဲက နေရာကို စူပါမင်းန်ဟာရောက်သွားခဲ့ပါတယ်။
စက်သေနတ်ကြီးနဲ့ သဲကြီးမဲကြီး ပစ်ခတ်ခြင်း။ (စူပါမင်းန် ရီတန်း)
Bryan Singer ရိုက်ကူးတဲ့ Superman Return မှာ အမှားတွေအများကြီး ရှိပေမယ့် စက်သေနတ်ကြီးနဲ့ သဲကြီးမဲကြီးပစ်ခတ်တဲ့ ဇာတ်ကွက် တစ်ကွက်တည်းနဲ့တင် ကြည့်ရတာတော်တော်တန်နေပါပြီ။ လဇ်လူသာရဲ့ လူမိုက်တွေက သံမဏိလူသားကို စက်သေနတ်ကြီးနဲ့ ပစ်ခတ်ပါတော့တယ်။ ကျည်ဆန်တွေ အားလုံးက စူပါမင်းန်ရဲ့ ခန္ဓာကိုယ်ကိုထိပြီး ပြန်ကန်ထွက်လာကြတယ်။ စူပါမင်းန်ရဲ့ မျက်လုံးဆီကိုကျည်ဆန်က တည့်တည့်အလာမှာ ကျည်ဆန်က မျက်လုံးကို ထိမှန်တဲ့ ဇာတ်ကွက်ကို အနှေးကွက်နဲ့ပြခဲ့တယ်။ ကျည်ဆန်က ပြားကပ်သွားပြီး ကန်ထွက်လာခဲ့တယ်။ အဲ့ဒီ့နောက်မှာ စူပါမင်းန် ကတစ်လှမ်းချင်းသွားပြီး အကြမ်းဖက်သမား ကို နှိမ်နင်းခဲ့တယ်။ ဒီဇာတ်ကွက် က အလွန်လန်းပါတယ်။
စူပါမင်းန် ဇာတ်ကားတွေထဲက ခုထက်ထိလန်းနေဆဲ ဇာတ်ကွက်တွေကို ပြောပြပြီးပါပြီ။ သင်ရော ဘယ်ဇာတ်ကွက်ကို အကြိုက်ဆုံးလဲ။
Ref:beyondhollywood