ရိုးရှင်းရဲ့လားဆိုတော့ ရိုးရှင်းပါတယ်။ သိပြီးသားများဖြစ်နေမလားဆိုရင်တော့ ဝေးစွ။ အသားအရေကို ပိုနုပျိုအောင်၊ ပိုလန်းဆန်းအောင်း၊ ပိုတောက်ပအောင် လုပ်နည်းတွေအများကြီးရှိပါတယ်။ ပြီးတော့ အခုဖော်ပြပေးမယ့် နည်းလမ်းတွေကိုလည်း သင်တစ်ခါမျှ တွေးဖူးမှာမဟုတ်ပါဘူး။
နည်းပညာနိမ့် လိမ်းဆေး(Lotion) တွေကအလုပ်ဖြစ်တယ်။
ဟော်တယ်မှာ အခန်းဝန်ဆောင်မှုအဖြစ်ပေးတဲ့ မျက်နှာလိမ်းခရင်မ်ဘူးသေးသေး လေးတောင် အလုပ်ဖြစ်ပါတယ်။ ပျော့ပျောင်း ပြေပြစ်တဲ့ခရင်မ်တွေက အရေးအကြောင်းတွေ ပျောက်စေရုံသာမက အသားအရေ တွန့်မှုကိုလည်း ကာကွယ်ပေးပါတယ်။ အရေခွံလှီးထုတ်တာပဲဖြစ်ဖြစ်၊ ခွဲစိတ်တာပဲဖြစ်ဖြစ်၊ ဒဏ်ရာပျောက်ဖို့ဆိုရင် အရေးကြီးဆုံးက အဲ့ဒီ့ဒဏ်ရာတစ်ဝိုက်ကို ရေဓါတ်မခမ်းခြောက်အောင်ထားဖို့ပါပဲ။ အဲ့ဒီ့တော့ နေလောင်တာနဲ့ပတ်သက်ပြီး ဥပမာပေးကြည့်ရအောင်။ နေ့စဉ်လိမ့်တဲ့ lotion ထဲမှာ ဂလစ်စရင်း၊ shea butter နဲ့ ရေဓါတ်ကိုအခြေခံတဲ့အရာတွေပါလို့ သင့်ရဲ့အသားအရေကို ထိထိရောက်ရောက် ပြုပြင်ပေးနိုင်ပါတယ်။ အဲ့ဒီ့တော့ နည်းပညာနိမ့် Lotion တွေမှာလဲ အကျိုးသက်ရောက်မှုရှိပါတယ်။
အကြောလျှော့ပါ။ လေ့ကျင့်ခန်းလုပ်ပါ။
လေ့ကျင့်ခန်းမလုပ်ဖြစ်အောင် ဟန့်တားနေတဲ့အရာတွေကို ဘယ်လိုပဲဖြစ်ဖြစ်မေ့လိုက်ပါ။ အများစု အာရုံစိုက်ကြတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေထဲမှာ အပါအ၀င်ဖြစ်တဲ့ လက်မောင်းအထက်ကြွက်သား လေ့ကျင့်ခန်းကိုလုပ်ပါ။ မိန်းကလေးအတော်များများက ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ မေးရိုးတွေနဲ့ လည်ပင်းကြောတွေကို တင်းထားတတ်ပါတယ်။ အကြောင်းရင်းကတော့ မျက်နှာကို အောက်ဘက်နှိမ့်ထားတာ ကြောင့်ပါ။
အချိန်တိုင်း၊ နေရာတိုင်း နေသာနေတယ်။
အလုပ်သွားတဲ့အချိန်တိုင်းမှာ နေသာခဲတယ်။ အလုပ်ပြန်တဲ့အချိန်မှာလည်း နေက၀င်သွားနှင့်ပြီ။ ခရမ်းလွန်ရောင်ခြည် A ဟာ ခရမ်းလွန်ရောင်ခြည် B နဲ့မတူစွာပဲ ရုံး၊ အိမ်၊ ကား တွေထဲမှာအနှံ့ လျှောက်ပျံ့ နေပြီး ကမ်းခြေဒေသတွေမှာလဲ စိုးရိမ်ရတဲ့အခြေအနေရှိပါတယ်။ အဲ့ဒီ့အတွက် ခရမ်းလွန်ရောင်ခြည် Aကိုသတိထားပါ။
နေရောင်ခြည်မဟုတ်တဲ့ အပူပေးနိုင်တဲ့အရာတွေကိုလည်း ဂရုစိုက်။
သင့်အလုပ်စားပွဲဘေးမှာ အပူပေးနိုင်မယ့် မီးလင်းဖိုတစ်ခုထားလိုက်ရင် နေရောင်ခြည်ကို အထူးတလည် ထိတွေ့စရာမလိုတော့ပဲအပူငွေ့ကိုရမှာပါ။ ဒါပေမဲ့ ၂ပေ၊၃ပေ အကွာအဝေးအတွင်းကနေ အပူငွေ့ကိုရယူရင် အသားအရေတွေဟာ နီကျဉ်သွားပြီးတော့ collagen လို့ခေါ်တဲ့ ပျော်မ၀င်နိုင်တဲ့ ပရိုတင်းအမျှင် ပြိုကွဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီ့အတွက် မီးလင်းဖိုကနေ ၁၀ပေအကွာမှာသာနေပြီး အပူဓါတ်ကိုရယူပါ။
Botox မတတ်နိုင်တာဘာမျှမရှိဘူး။
မျက်စိနာ၊ ခေါင်းကိုက်၊ ချွေးထွက်လွန်၊ စတာတွေ အမျိုးမျိုးဖြစ်နေရင် Botox ဆေးထိုးလိုက်တာနဲ့ မေးရိုးအောက်မှာ ကြီးစိုးနေတဲ့ ဂလင်းတွေကို မှေးမိန်သွားစေမှာပါ။
ရေသောက်ရင်အသားအရေ ကြည်တယ်။
ရေများများသောက်ပါ။ အငမ်းမရသောက်ပါ။ သင့်အသားအရေတွေလှလာပြီး သင့်ကိုကျေးဇူးတင် လာပါလိမ့်မယ်။
လှလှပပအိပ်ရင် ရုပ်ဆိုးတယ်။
မျက်နှာမှောက်အိပ်ရင် အရေပြားကိုတွန်းကန်အား သက်ရောက်စေပါတယ်။ ပက်လက်လှန်အိပ်တာက အကောင်းဆုံးပါ။
Ref:Allure