Jennifer Lawrence ဟာ တပါးသူပျော်ရွှင်အောင် အစားလျှော့စားတဲ့လုပ်ရပ်ကိုငြင်းဆန်လိုက်ပါတယ်။
The Hunger Games ဇာတ်ကားထဲကသရုပ်ဆောင်ဖြစ်တဲ့ Jennifer ဟာ မကြာသေးမီက Pixie cut ဆံပင်စတိုင်လ်မျိုးရဖို့ သူ့ရဲ့ရွှေဝါရောင်ဆံပင်ကိုညှပ်ပစ်ခဲ့ပြီး Joan Rovers နဲ့ Kelly Osbourne တို့ရဲ့ Online ရုပ်သံ series ဖြစ်တဲ့ Fashion Police ကိုလဲ လူတွေကိုအသွင်အပြင်ကြည့်ပြီးဝေဖန်အကဲဖြတ်တဲ့လုပ်ရပ်ဖြစ်တယ်ဆိုပြီး ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
Yahoo မှာ ပရိတ်သတ်တွေနဲ့လုပ်တဲ့အမေးအဖြေမှာ Jennifer က“ရှင်ဟာ ကျော့မော့အောင်ပြင်ထားပြီး ပြီးပြည့်စုံတဲ့မော်ဒယ်လ်တစ်ယောက်မဟုတ်ခဲ့ဘူးဆိုရင် လူတွေမှာဒါမျိုးအတွေးတွေဝင်လာပါတယ်။ ဂရုစိုက်စရာမလိုပါဘူး။ ရှင့်ပုံစံနဲ့ရှင်ပဲလေ။ ရှင့်ဖာသာရှင်အဆင်ပြေအောင်နေရမှာပေါ့။ ဘာလုပ်မှာလဲ။ ရှင့်ကိုယ်ကို အစာငတ်ခံပြီး သူများတွေကိုပျော်အောင်လုပ်ရမှာလား။ ပိန်းလွန်းပါတယ်။
လူငယ်မျိုးဆက်သစ်တွေကို လူတွေကိုမှားယွင်းတဲ့စံတွေနဲ့တန်ဖိုးဖြတ်ဖို့နဲ့ လူတွေကိုဝပြီးရုပ်ဆိုးတယ်လို့ပြောရတာ အေးဆေးပါပဲလို့တင်ဆက်နေကြတဲ့ Fashion Police လို show မျိုးတွေရှိပါတယ်။
ကျွန်မတို့တစ်ယောက်ကိုတစ်ယောက် ၀တယ်ဘာညာပြောပြီး ဒီလိုမျိုးဆက်ဆံနေတာတွေကိုရပ်တန့်ရပါလိမ့်မယ်” လို့ပြောပါတယ်။
Sliver Linings Playbook ဇာတ်ကားရဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့ Jennifer Lawrence ဟာ လူတွေစိတ်အနှောင့်အယှက်မဖြစ်စေဘဲ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိနဲ့နေဖို့က သူ့ရဲ့၂၀၁၄ နှစ်သစ်အတွက်စိတ်ဓာတ်အသစ်လို့ပြောပြပါတယ်။
(Ref:starpulse)