အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ဖိလစ်ပိုင်ကိုဖြတ်တိုက်

d208276f-5e32-4118-ad5d-7fdff945f05d_mw1024_n_s.jpg

နိုဝင်ဘာလ (၈)ရက်နေ့က ဖိလစ်ပိုင်မှာ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း တစ်ခုဝင်တိုက်ခတ်ခဲ့ပါတယ်။ တစ်နာရီကို ၁၉၉မိုင်နှုန်းဝန်းကျင်နဲ့ တိုက်ခတ်ခဲ့တာပါ။ အနည်းဆုံးလူ (၄)ဦးသေဆုံးတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ တကယ့်ကို သေကျေပျက်စီးစေတဲ့ မုန်တိုင်းဖြစ်တာကြောင့် မုန်တိုင်းအန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ဆိုတာ မျှော်လင့်ချက်မရှိသလောက်ပါပဲ။

ဒီတိုင်ဖွန်းမုန်တိုင်းကို ဟိုင်းရန်လို့ခေါ်ပြီး ကမ္ဘာ့အင်အားအပြင်းဆုံးမုန်တိုင်းတွေထဲကမှ တစ်ခုလို့ အဆင့်သတ်မှတ်ထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံကို ခပ်သုတ်သုတ်ဖြတ်တိုက်သွားပေမဲ့ ထင်ထားသလောက် လူမသေခဲ့ပါဘူး။ ဖိလစ်ပိုင်ကျွန်းတွေကို ရေအကြီးအကျယ်မလွှမ်းနိုင်တဲ့အတွက်ကြောင့်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ ရေအကြီးအကျယ်လွှမ်းတာဟာ မြေပြိုပြီး လူသေနှုန်းလဲမြင့်တက်လာနိုင်ပါတယ်။

ဖိလစ်ပိုင်မှာတော့ ဒီတိုင်ဖွန်းမုန်တိုင်းကို ရိုလန်ဒါလို့ခေါ်ပါတယ်။ မနှစ်ကလည်း ဘော့ဟာလို့ခေါ်တဲ့ တိုင်ဖွန်းတစ်ခုဟာ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းကို လေတိုက်နှုန်း ၁၇၅မိုင်နှုန်းနဲ့ ၀င်ရောက်တိုက်ခတ်ခဲ့ပါသေးတယ်။ အဲ့ဒီ့တုန်းက လူတစ်ထောင်ထက်ပိုသေခဲ့ကြရပါတယ်။

“ပေါ့်ရှေး ပြိုင်ကားလိုဖြတ်တိုက်ခဲ့တာ။” လို့ ဖိလစ်ပိုင် အကြီးတန်းတိုင်ဖွန်းကျွမ်းကျင်ပညာရှင်ဖြစ်သူ မစ်ရှဲလ်ပဒ်ဂျူဝါ ကပြောခဲ့ပါတယ်။

သမုဒ္ဒရာကိုဖြတ်တိုက်လာတဲ့လေတိုက်နှုန်းဟာ ကုန်းမြေကို မွှေနှောက်နိုင်တယ်ဆိုတာ သိခဲ့ရတာနဲ့တစ်ပြိုင်နက် မုန်တိုင်းမတိုက်ခတ်ခင်မှာပဲ မုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ကြိုတင်သတိပေးချက်တွေဟာ အကျိုးဖြစ်ထွန်းခဲ့ပါတယ်။ လူ (၇)သိန်းကျော်ဟာ ဘေးကင်းရာကိုရွှေ့ပြောင်းနိုင်ခဲ့ကြတယ်လို့ အမျိုးသားကပ်ဘေးအန္တရာယ်လျှော့ချရေးနဲ့ ညွှန်ကြားရေးကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(Ref:nytimes)

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.