မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကကို နိုင်ငံတကာနဲ့အညီ အဆင့်အတန်းမီအောင် ထိုးဖောက်ဝင်ရောက်ဖို့အတွက် ရှေ့ပြေးဖြစ်နေ တဲ့ ဇာတ်ကားကတော့ ဒါရိုက်တာလူမင်း ပုံဖော်ရိုက်ကူးနေပြီး တန်းမြင့်စူပါမင်းသားနဲ့ စူပါမင်းသမီး၊ ပျိုးခင်းထဲက ပွင့်သစ်ငယ်တစ်ဦး၊ ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ကူညီမယ့် ဒရမ်မာမင်းသားနဲ့အတူ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဦးမယ့် ဒါရိုက်တာက လူအင်အား တစ်ရာကျော်သုံးပြီး အဆင့်အတန်းမြင့်တဲ့ ဖန်တီးမှုတွေ၊ အကောင်းဆုံး ကင်မရာတွေ၊ 3D effect တွေနဲ့ မြန်မာပြည်ပရိသတ်ရဲ့ အာရုံစိုက်မှုကို အရယူဦးမှာပါ။
'ကား' ဆိုတဲ့ မြန်မာဗီဒီယို ဇာတ်လမ်းကျောရိုးကို အခြေခံထားပေမယ့် မတူတဲ့ အိုင်ဒီယာတွေ၊ မတူတဲ့ ထူးဆန်းမှုတွေ၊ မတူတဲ့ အငွေ့အသက်တွေ၊ မတူတဲ့ရသတွေကို ဒီကားလေးထဲမှာ ခံစားရမှာပါ။ အကုန်အကျကို မကြည့်ဘဲ ပရိသတ်ရဲ့ အာရုံစိုက်မှုကို ပဲ လိုချင်ပါတယ်ဆိုတဲ့ ဒါရိုက်တာက သူ့ရဲ့အတွေး၊ သူ့ရဲ့ ဖန်တီးမှုတွေကို အကောင်းဆုံး ရိုက်ပြနိုင်ဖို့အတွက် Location ကအစ အကုန်လုံးကို အချိန်ယူပြင်ဆင်ခဲ့ပြီး သူ့ရဲ့စိတ်ကူးကို အကောင် အထည်ဖော် ခဲ့ပါတယ်။ ခေတ်လွန်၊ ခေတ်ဆန်တဲ့ လူငယ်တွေရဲ့ life ကို ဖော်ပြမယ့် ဇာတ်ကားကြီးရဲ့ နာမည်ကို 'Anubis' လို့ ပေးထားပြီး အီဂျစ်ပြည်မှာ သေသူရဲ့ အသည်းနှလုံး နဲ့ ငှက်မွှေးကို ချိန်ခွင်လျှာထိုးပြီး သေသူရဲ့ လားရာကို ညွှန်ပြတဲ့ နတ်ဘုရားလို့ အဓိပ္ပါယ်ရပါတယ်။
ရန်ကုန်၊ နေပြည်တော်နဲ့ ချောင်းသာ သုံးနေရာမှာ သွားရောက်ရိုက်ကူးမှာဖြစ်ပြီး ပါဝင် သရုပ်ဆောင်မယ့် သူတွေက အကယ်ဒမီ လူမင်း၊ အကယ်ဒမီနေတိုး၊ ဧည့်သည် သရုပ်ဆောင် အဖြစ်မြင့်မြတ်၊ ၀တ်မှုန်ရွှေရည်နဲ့ ရွှေမှုန်ရတီတို့ပဲ ဖြစ်ပါတယ်။ အီဂျစ်ပြည်ရဲ့ အငွေ့အသက်တွေနဲ့ လွှမ်းခြုံထားတဲ့ ဒီဇာတ်ကားကြီးရဲ့ အောင်မြင်မှုကို စောင့်ကြည့် အကဲ ခတ်ရင်း ပရိသတ်တွေ နှစ်ခြိုက်သဘောကျတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါစေ၊ ဒါရိုက်တာမျှော်မှန်းတဲ့ အရာ တစ်ခုကိုရရှိပါစေ၊ ပါဝင်သရုပ်ဆောင်သူတွေရဲ့ ကြိုးစားမှုတွေ အရာထင်ပါစေလို့……။