British ဒီဇိုင်နာ J.W.Anderson , Margaret Howell နဲ့ Christopher Kane တို့ရဲ့ ၂၀၁၄ ဆောင်းရာသီဖက်ရှင်ပြပွဲကြီး ဖြစ်ပါတယ်။ သူတို့သုံးဦးရဲ့ လူစိတ်ဝင်စားမှုအများဆုံး ၀တ်စုံ (၃)စုံကို ဖက်ရှင်ပိုင်းနဲ့ပတ်သတ်ပြီး အမြင်အသစ်အဆန်းလေး ရအောင် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
(၁) J.W.Anderson
Anderson ရဲ့ အဖို ၊ အမ မထင်ရှားတဲ့ အမျိုးသားဝတ်ပါတဲ့ (အခုဆို ကောင်မလေးတွေလဲ ကောင်လေးတွေဆီက ငှားဝတ်လို့ရပြီနော် :D) ။ နှစ်တိုင်းလိုလို လန်ဒန်မှာ လူကြိုက်များကြတယ်လေ။ ဒီရာသီမှာလည်း ဒီလိုပါပဲ။ သေတ္တာပုံစံ အင်္ကျံရှည်၊ ပလက်ဖောင်းမှာ တဒေါက်ဒါက်မြည်နေမယ့် ရှူးဖိနပ်နဲ့ အရောင်တောက်လေးတွေ ကိုလည်း တွဲစပ်သုံးထားသေးတယ်။
(၂) Margaret Howell
Howell ကတော့ မထင်မရှားလေးပဲ ဖန်တီးပြသွားပါတယ်။ British အကြိုက် ဆွယ်တာသားကို ချည်သားနဲ့ ဂျင်းသားတွေတွဲဖက်ပေးထားပါတယ်။ သူမရဲ့လက်ရာက အလုပ်သွား ၊ ရုံးသွားနိုင်တဲ့ ဒီဇိုင်းမျိုး လွှမ်းမိုးနေပြီး အညိုရောင် ၀မ်းဆက်က သားရေဖိနပ် ခပ်ကြီးကြီးနဲ့ လိုက်ဖက်နေပါတယ်။
(၃) Christopher Kane
Christopher Kane ရဲ့ အမျိုးသားဝတ်ကတော့ ခပ်လန်းလန်းပါပဲ။ မီးစုန်းရောင် တောက်တောက်တွေနဲ့ အလှဆင်ထားပြီး ကြည့်ရတာ မြွှေအရေပြားနဲ့တူနေပါတယ်။ ဘောင်းဘီကိုတော့ ခြေကျင်းဝတ် အပေါ်လောက်ထိသာရှည်တဲ့ ဘောင်းဘီနက်နဲ့ ဖိနပ်ကတော့ အိမ်နေစီးစတိုင်မျိုး တွဲဖက်ပေးထားပါတယ်။ ဒီဇိုင်းကတော့ လူငယ် တော်တော်ဆန်ပြီး ပေါ့ပေါ့ပါးပါးနဲ့ အထာကျနေနိုင်ပါတယ်။
Ref:herworldplus