မကြာမီရက်သတ္တပတ်များအတွင်း ကစားရန်ရှိနေသော စပိန်လက်ရွေးင်အသင်၏ ချစ်ကြည်ရေးခြေစမ်းပွဲ များအတွက် နည်းပြချုပ်ဒဲလ်ဘော့စကီးက အသလက်တီကိုအသင်းတွင် အထူးခြေစွမ်းပြနေသာ ဘရာဇီး နွယ်ဖွားတိုက်စစ်မှူး ဒီယေဂိုကော်စတာအား ရွေးချယ်ခဲ့ရာ ၀ိုင်းဝန်းဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည်။ ထို့ ကြောင့် ဒဲလ်ဘော့စကီးက အဆိုပါတိုက်စစ်မှူးအား ရွေူးချယ်ခဲ့ခြင်းအပေါ် ရှင်းပြလာခဲ့သည်။ “ သူက အရမ်း ကောင်းအောင် ကစားပြနေပြီး အရည်အချင်းလည်း မျိုးစုံပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူ့လိုအရည်အချင်းမျိုး ရှိတဲ့ ဘောလုံးသမားကြောင့် စပိန်အသင်းအပေါ် ဆိုးကျိုးဖြစ်စေနိုင်တယ်လို့ ပြောနေတာတွေကို ဘယ်လိုမှ နားမလည်နိုင်ပါဘူး။ သူက တကယ့်ကိုကောင်းမွန်တဲ့ အင်အားဖြည့်တင်းမှုဖြစ်လာပါလိမ့်မယ်”ဟု ဒဲလ်ဘော့စကီးက ပြောခဲ့သည်။
ဒီယေဂိုကော်စတာအား ဘရာဇီးလက်ရွေးစင်အသင်းက ယခုလအတွင်း ချီလီ၊ ဟွန်ဒူးရပ်စ်တို့နှင့် ကစားရန်ရှိ နေသည့် ကမ္ဘာ့ဖလားအကြိုချစ်ကြည်ရေး ခြေစမ်းပွဲများအတွက် ဆက်သွယ်ခေါ်ယူခဲ့ရာ ကာယကံရှင်ကစား သမားက ငြင်းပယ်ခဲ့သဖြင့် ပွက်လောရိုက်ခဲ့သေးသည်။ ယင်းသို့ ငြင်းဆိုခဲ့ပြီးနောက် စပိန်လက်ရွေးစင်အတွက် ကစားပေးရန် ရွေးချယ်ခဲ့သဖြင့် ဘရာဇီးနိုင်ငံအတွင်း ဒီယေဂိုကော်စတာအား သစ္စာဖောက်အဖြစ် သတ်မှတ်ကာ ဝေဖန်မှုများ ပြင်းထန်စွာပြုလုပ်လျက်ရှိကြသည်။