ဖခင်ဖြစ်သူ Odin နဲ့Asgard တိုင်းပြည်တစ်ခုလုံးတောင့်မခံနိုင်တဲ့ ရန်သူ့တပ်တွေကို ရင်ဆိုင်လိုက်ရတဲ့နောက်မှာတော့ Thor ဟာသူ့ဘ၀ရဲ့အခက်အခဲအကြမ်းတမ်း ဆုံးခရီးတစ်ခုကိုနှင်ရမှာဖြစ်ပြီး အခြားကမ္ဘာတစ်ခုမှာရှိတဲ့ Jane Foster နဲ့ပူးပေါင်းရမှာဖြစ်ပါတယ်။ အဲဒီ့နောက်မှာတော့ Thor ဟာ ရှိသမျှခွန်အား ကိုအသုံးပြု၊အရာရာအားလုံးကိုစတေးပြီး ကမ္ဘာမြေကိုကာကွယ်နိုင်ဖို့ ကြိုးပမ်းပါတော့တယ်။ ဒါရိုက်တာကတော့ Alan Taylor ဖြစ်ပြီး အဓိကသရုပ်ဆောင်တွေနေရာမှာ Thor အဖြစ် Chris Hemsworth၊ Jane foster အဖြစ် Natalie Portman၊ Thor နဲ့ညီအစ်ကိုတော်စပ်သူ Loki အဖြစ် Tom Hiddleston၊ Odin အဖြစ် Anthony Hopkins စတဲ့သရုပ်ဆောင်တွေပါဝင်ထားတဲ့ superhero ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။
Ref:wikipedia
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။