အခွေရောင်းရတာထက် ကိုယ်လုပ်ချင်တဲ့ အရာတစ်ခုကိုလုပ်ခွင့်ရခဲ့ရင် အောင်မြင်တယ်ထင်တယ်လို့ ဆိုတဲ့ ဘန်နီဖြိုး

dsc00649_resize.jpg

ချစ်တယ်ဟုတ် အခွေမတိုင်ခင် underground လောကမှာတတည်းက ပရိသတ်အားပေးလက်ခံမှုရရှိခဲ့တဲ့ ဘန်နီဖြိုးနဲ့ တွေ့ဆုံတုန်းလေး သူ့ရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေကို ခုလို မေးကြည့်ဖြစ်တဲ့အခါ “ကျွန်တော် လတ်တလောမှာတော့ ကျွန်တော့်ရဲ့ ဒုတိယမြောက်အခွေဖြစ်တဲ့ လူပျိုလှည့် တေးစီးရီးကိုပဲ သေချာအာရုံစိုက်ပြီးတော့ပဲ အချိန်ပြည့် လုပ်ဖြစ်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ပထမအခွေထက် ပိုပြီး ဒီအခွေလေးကိုအားရတဲ့အတွက် ပထမအခွေထက် ပိုပြီးကောင်းစေချင်လို့  သီချင်းပိုင်းတင် မကဘဲ အရာရာတိုင်းကို ထောင့်စေ့အောင် ကြိုးစားနေပါတယ်။ အဲဒါ့ကြောင့် ရှိုးတွေမှာတောင် သီချင်းဆိုတာတွေသိပ် မလုပ်ဖြစ်ပါဘူး။ နဲနဲလျှော့ထားတယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်အကြောင်းကိုကိုယ်ပဲသိတယ်။  ရှိုးပွဲမှာသီချင်းဆိုဖြစ်ရင် အခွေဘက်ကို သိပ်ပြီးမလှည့်ဖြစ်မှာစိုးလို့ပါ။ ဒီလူပျိုလှည့် ထဲမှာပါဝင်တဲ့ သီချင်းတွေတော်တော်များများက အစွန်းနှစ်ဖက်ကိုရောက်နေတယ်လို့ ပြောရမယ်။ တစ်ချို့သီချင်းတွေက အရမ်းခေတ်လွန်နေပြီး တစ်ချို့သီချင်းတွေက အရမ်းခေတ်နောက်ပြန်ဆွဲထားတာမျိုးတွေပါမယ်။ ကျွှန်တော် ဖန်တီးထားတဲ့ ဂီတမြူးဇစ်ကိုပရိသတ်ကြိုက်ဖို့ ဆိုတာတော့ ကံစမ်းမဲနှိုက်သလိုပဲလို့ပြောရလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ပရိသတ်ကြီးကို ကြိုက်လိမ့်မယ်လို့ ယုံတယ်။ ကျွှန်တော့်ရဲ့ လူပျိုလှည့် တေးစီးရီးအခွေ ထဲမှာ Featuring အနေနဲ့ စိုင်းစိုင်း၊ သီရိဆွေ၊ ကိကိ၊ ASH၊ Lil Z ၊ X-BOX တို့ပါပါတယ်။ ဒီအခွေထဲမှာ ကျွန်တော်ကိုယ်တိုင် ရေးထားတဲ့သီချင်းတွေပါပါမယ်။ ကျွန်တော့်ရဲ့ သီချင်းတော်တော်များများက ကိုယ့်ရဲ့ခံစားချက်တွေ ပါတာများပါတယ်။ဒီလူပျိုလှည့် တေးစီးရီးထဲမှာပါတဲ့ သီချင်းအပုဒ်တိုင်းကကျွှန်တော့်ရဲ့ ခံစားချက်တွေ ချည်းပါပဲ။ ပထမအခွေတုန်းကထက် ပိုပြီ်းတော့ကျွန်တော့်ရဲ့ ခံစားချက်တွေများပါတယ်။ လူပျိုလှည့် ဆိုပြီးနံမည်ပေးဖြစ် သွားတာက ကျွန်တော့်ရဲ့ ပထမဆုံးတေးစီးရီးချစ်တယ်ဟုတ် အခွေမှာကတည်းကရေးထားပြီးသားသီချင်းပါ။ အဲဒီအခွေမှာမထည့်ဖြစ်လိုက်ပဲအခုကျမှထည့်ဖြစ်လိုက်လို့ ဒီအတိုင်းပဲလူပျို လှည့်ဆိုပြီးပဲပေးလိုက်တာပါ”တဲ့။

ဒါအပြင် ဖျော်ဖြေပွဲတွေနဲ့ ပတ်သက်ပြီးတော့လည်း သူက “တန်ဆောင်မုန်းလပြည့်နေ့ညမှာ ကန်တော်ကြီး မျှော်စင်ကျွှန်းမှာရှိုးဆိုဖို့ ရှိပါတယ်။ အဲဒီရှိုးပွဲညမှာ ကျွန်တော့်ရဲ့ လူပျိုလှည့်တေးစီးရီးအတွက် ပရိုမိုးရှင်း Performenceတွေပါပါမယ်။ လူပျိုလှည့်နဲ့ ပတ်သက်ပြီး MTV ရိုက်ဖို့လည်းစဉ်းစားထားပြီးပါပြီ။ ဘယ်လိုပုံစံမျိုးလာမယ်ဆိုတာတော့ ပရိသတ်ကြီးစောင့်မျှော်ပေးကြပါလို့။ ကျွှန်တော်က နည်းနည်းထွင်တတ်တဲ့သူဆိုတော့ ထွင်ပြီးရိုက်သွားမှာပါ။ ဒီလူပျိုလှည့် အခွေလေးနဲ့ပတ်သက်ပြီး အမှန်တိုင်းပြောရမယ်ဆိုရင် စိုးရိမ်စိတ်ကတော့ ရှိပါတယ်။ ကျွှန်တော်အားပိုထားတဲ့ အခွေဖြစ်တဲ့ အတွက်ကြောင့် စိုးရိမ်စိတ်ရှိသလို ကျေလည်းကျေနပ်ပါတယ်။  လူတွေကြားထဲမှာ အခွေပေါက်တာထက် အခွေရောင်းရတာထက် ကျွန်တော် လုပ်ချင်တာတစ်ခုကိုလုပ်ခွင့်ရခဲ့ရင် အောင်မြင်တယ် လို့ထင်တယ်လေ။ ဒါကြောင့် ကျွန်တော် ကျေနပ်တယ်။ ကျွန်တော့်ရဲ့ လူပျိုလှည့် တေးစီးရီးကို ဒီဇင်ဘာမှာ ထွက်ဖို့ ရည်ရွယ်ထားပါတယ်။’’လို့ ဘန်နီဖြိုးက ပြောပြသွားပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.