မှန်ကန်တဲ့ နုတ် အသံဆင့်ကို ရောက်အောင် မျက်နှာတွေကို ရှုံ့တွ သီဆိုရတော့၊ နဂိုက ဆွဲဆောင်မှုအပြည့်နဲ့ နာမည်ကြီးတွေတောင်မှ ရုပ်ဆိုးပန်းဆိုး မျက်နှာထားနဲ့ သီချင်းဆိုတယ် ဆိုပြီး ဖြစ်ကုန် ပါတယ်။ ဘယ်လိုပဲပြောပြော တကယ်တော့ အခုပြောပြမယ့် သူတွေအားလုံးဟာ တကယ့်ကို ထူးချွန်ပြောင်မြောက်တဲ့ အဆိုတော်တွေပါပဲ။
Nicki Minaj
သူရဲ့အကြည့် တွေကပုံမှန် ဟုတ်ပုံမရပါဘူး။ သူဝတ်ချင်တာတွေ လျှောက်ဝတ်၊ လိမ်းချင်တဲ့ မိတ်ကပ်လိမ်း၊ ထားချင်တဲ့ ဆံပင်ပုံစံတွေ လျှောက်ထား တော့တာပဲ။ သူရဲ့တင်ဆက်မှုနဲ့ လိုက်ဖက်အောင် လုပ်ထားတာ ဖြစ်တဲ့အတွက် မြင်ရတွေ့ရတာ ၀မ်းမြောက်ရမှာပေါ့။
Mike Jagger
Rolling Stones ရဲ့ ပင်တိုင်အဆိုတော် Mike Jagger ဟာ သူ့မျက်နှာကြီး ရုပ်ဆိုးပန်းဆိုးပုံ ဖြစ်လောက်အောင် သီဆိုတင်ဆက်နေတာတောင် သူဟာ ကျွန်တော်တို့ မယုံကြည်နိုင်လောက်အောင် တင်ဆက်မှု ကောင်းတဲ့ သူတစ်ယောက်ပါ။
Miley Cyrus
လှပ ငယ်ရွယ်တဲ့ မင်းသမီးပေါက်စလေး Miley Cyrus ဟာ သူ့ရဲ့ အပြစ်ကင်းစင်လှတဲ့ ရုပ်သွင်ကို စွန့်လွတ် လိုက်ပါပြီ။
Kesha
Kesha ဟာ ဂီတလောကမှာတော့ မျက်နှာသစ် တစ်ဦးပါ။ သူရဲ့ ထူးဆန်းတဲ့ အကြည့်တွေနဲ့ အာရုံစိုက် ခံရအောင် လုပ်နေခဲ့ပါတယ်။ တစ်ခါတစ်လေမှာ သူ့ကြည့်ရတာ အသိတရားကပ်ပေမယ့်၊ တစ်ခါတစ်လေ တော့ လွတ်လွတ် သွားတတ်တယ်။
Lady Gaga
ပေါ့ပ် အဆိုကျော် နာမည်ကြီး Lady Gaga ဟာ သူ့ရဲ့ ပရိသတ်တွေကို မကောင်းဆိုးရွားလေးတွေလို့ ခေါ်လေ့ ရှိပါတယ်။ ပြီးတော့ ဆင်ခြင်တုံ တရားမဲ့စွာနဲ့ တရားလွန်ကြီးတွေ ၀တ်စား တတ်တယ်။ သူသီချင်းဆိုရင်လည်း ခဏခဏ အသံပျက်တာ အံ့သြစရာ မရှိပါဘူး။
Steven Tyler
Aerosmith ရဲ့ ပင်တိုင်အဆိုတော် Steven Tyler ဟာ နုတ် အသံဆင့် မှန်အောင် ဆိုဖို့က လွဲလို့ တခြားအရာတွေကို လှည့်မကြည့်တတ်တဲ့ လူစားမျိုးပါ။
Taylor Swift
Country နဲ့ pop အဆိုတော် အချောမလေး Taylor Swift ဟာ အဆိုတော်ကောင်း တစ်ယောက်ပါ။ တစ်ခါတစ်လေတော့လည်း အစွမ်းကုန် ကြိုးစားသီဆိုလိုက်တဲ့ အခါမျိုးမှာ ခဏတဖြုတ်ဆိုသလောက်လေး ရုပ်ဆိုးပန်းဆိုး ဖြစ်သွားတတ်ပါတယ်။
ဘာပဲပြောပြော ဒီအဆိုတော် နာမည်ကြီးတွေ အားလုံးဟာ ပရိတ်သတ်အတွက် အကောင်းဆုံး သီဆိုဖျော်ဖြေ တဲ့သူတွေ ဖြစ်တဲ့အတွက် မှတ်တမ်းတင်ဂုဏ်ယူပါတယ်။ ဒီလိုရုပ်ဆိုးပန်းဆိုး ပုံတွေဖြစ်သွားပေမယ့် ပရိသတ်အတွက် အကောင်းဆုံး ဖျော်ဖြေသွားတာ ဆိုတော့ သူတို့လဲ ပျော်ရွှင် ၀မ်းမြောက်မှာပါ။
(Ref:celebs.answers)