အမေရိကန်ရုပ်ရှင်နဲ့ ရုပ်သံမင်းသမီး KaleyCuoco ဟာ သူ့ရဲ့ချစ်သူ Ryan Sweeting နဲ့ သုံးလတာ တွဲခဲ့ပါတယ်။ Emmy ဆုပေးပွဲမှာ သူ့ရဲ့ချစ်သူနဲ့အတူ ကော်ဇောနီလမ်းလျှောက်ခဲ့ပြီး သူ့တို့စုံတွဲဟာ စေ့စပ်ပြီးကြပြီလို့ ကြေညာခဲ့ပါတယ်။ The Big Bang Theory မင်းသမီးနဲ့ တင်းနစ်စတားတို့ နှစ်ယောက်ဟာ သုံးလကြာတွဲခဲ့ပြီးတဲ့နောက်မှာ စေ့စပ်ခဲ့ကြပါတယ်လို့ သတင်းထောက်တစ်ယောက်က အတည်ပြုခဲ့တာပါ။ အသက်(၂၆)နှစ်ရှိပြီဖြစ်တဲ့ Ryan Sweeting ဟာ အသက်(၂၇)နှစ်ရှိပြီဖြစ်တဲ့ KaleyCuoco ကို စက်တင်ဘာလ၊ (၂၅)ရက်နေ့မှာ လက်ထပ်ခွင့် တောင်းခဲ့တာဖြစ်ပြီး Kaley ဟာ သူ့ရဲ့ပျော်ရွှင်မှုကို ဝေငှချင်တဲ့အတွက် လူမှုရေးမီဒီယာရှေ့မှောက်ကို အရောက်ခေါ်လာခဲ့တာဖြစ်ပါတယ်။ ‘အမြင့်ဆုံးမှာပျံကာဝဲ၊ တို့နှစ်ယောက်တွဲလို့ရယ် မိုးသားတွေထိတိုင်ပါပဲကွယ်။ တို့နှစ်ယောက် မိုးသားတွေထိတိုင် ဆိုပြီး Kaley ဟာ Twitter မှာ တင်ရေးခဲ့ပါသေးတယ်။
စေ့စပ်လိုက်ပြီဖြစ်တဲ့ KaleyCuoco

(Ref:USATODAY)
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။