အိမ့်ချစ်ပြောတဲ့ သူမရဲ့ ‘အချစ်ရေး’

dsc02712_resize.jpg

တေးသံရှင် အိမ့်ချစ်က သူမရဲ့ ဒုတိယတစ်ကိုယ်တော်တေးစီးရီး ဖြစ်တဲ့ အချစ်ရေး တေးစီးရီးကို နိုဝင်ဘာ ၁၆မှာ ပါဝင်တဲ့ အနုပညာရှင်တွေနဲ့ အတူတူ တော်ဝင်စင်တာ ရှေ့မျက်နှာစာမှာ ညနေ ၃နာရီအချိန်ကစပြီး လက်မှတ်ရေးထိုးပြီး သီဆိုဖျော်ဖြေ ရောင်းချပေးမှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာ လာဝယ်တဲ့ သူတွေကို တန်ဆောင်တိုင်လပြည့်နေ့မှာပြု လုပ်မဲ့ရှိုးပွဲလက်မှတ်တွေကို ကံစမ်းမဲဖောက်ပေးသွားမှာဖြစ်ပါတယ်။  သီချင်း၁၂ ပုဒ်ပါဝင်ပြီး ပေးမဲ့ ခေါင်းစဉ်ကိုအနုပညာရှင်နဲ့ စာနယ်ဇင်းအတွက် အမှတ်တရလဲဖြစ်အောင်၊ ပရိသတ်လဲ စိတ်ဝင်စားအောင် ‘အချစ်ရေး’ဆိုတဲ့ ခေါင်းစဉ်လေးကို သူမကိုယ်တိုင်ရေးစပ်ပြီး ပေးဖြစ်ခဲ့တာပါလို့ပြောပြခဲ့ပါတယ်။ ကူညီသီဆိုပေးတဲ့ သူများကတော့ ချစ်ကောင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ နိုင်းဝမ်း၊ ကျော်ထွဋ်ဆွေ၊ ထက်ထက်နဲ့ အိမ့်ချစ်ရဲ့ မောင်လေးဖြစ်တဲ့ ပြည့်ဖြိုးပိုင်လဲပါပါတယ်။ တေးရေးတွေကတော့ နောင်နောင်(ဆန်းဖလားဝါး)၊ အက်စ်ပီ၊ စိုင်းစိုင်းခမ်းလှိုင်၊ ကိုသားကြီး၊ ကိုကျော်ထွဋ်ဆွေ၊ ဘန်နီဖြိုး၊ သားသားနဲ့ ပိုင်ပိုင်တို့အပြင် ထက်ထက်ကလဲ ပါဝင်သီဆိုပေးထားပါတယ်။ သီချင်းအဟောင်းအနေနဲ့ ၄ပုဒ်ပါဝင်ပြီး ၂ပုဒ်က အိမ့်ချစ်ကိုယ်တိုင်ဆိုခဲ့ဖူးတဲ့ သီချင်းဟောင်းလေးတွေပါ။ နောက်၂ ပုဒ်ကတော့ ချစ်ခြင်းကို မခွဲပါနဲ့ရယ်၊ အချစ်တို့ပြန်ပေးပါရယ်ပါ။ ဒီသီချင်းလေးတွေကို သုံးခွင့်ပေးတဲ့ တေးရေးဆရာတွေကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်။ ပြီးတော့ အိမ့်ချစ်ကို ကူညီသီဆိုပေးတဲ့ ညီအစ်ကို မောင်နှမတွေအပြင် ဖေကြီးကိုလဲကျေးဇူးအများကြီးတင်ပါတယ်။ အိမ့်ချစ်ရဲ့ အခွေလေးကို အပြည့်အ၀ ထောက်ပံ့ပေးတဲ့ အမေ့ကိုလဲကျေးဇူးအများကြီးတင်ပါတယ်။ ဒီအခွေမှာ အားလုံးက အိမ့်ချစ်ကို မေတ္တာနဲ့သီဆိုပေးတာပါ။ ပိုက်ဆံတစ်ပြားမှမယူပဲနဲ့ အိမ့်ချစ်ကို ဆိုပေးတာပါ။ အဲဒီအတွက်လဲ ကျေးဇူးအရမ်းတင်ပါတယ်။ နောက်ပြီးတော့ အိမ့်ချစ်ရဲ့အချစ်ရေးပေါ့နော်။ မညာခဲ့ပေမဲ့ ဘယ်တော့မှတော့ စာမျက်နှာပေါ် တင်လေ့မရှိပါဘူး။ ဘယ်တော့မှလဲဖြေလေ့မရှိပါဘူး။ အိမ့်ချစ်လဲအချစ်ရေးတွေရှိခဲ့ဖူးပါတယ်။  ဒါပေမဲ့ ဖူးစာဆိုတာပြောလို့မရတဲ့အတွက် သေချာမှပဲကြေညာချင်ပါတယ်။ အချစ်ရေးဆိုတဲ့ ခေါင်းစဉ်က အနုပညာရှင်တွေကို အင်တာဗျူးမေးတဲ့အခါ ရှောင်ဖြေတတ်တဲ့အကြောင်းလေးကို အမုန်းခံပြီး ရေးဖွဲ့ထားတာပါ။ အဲဒီအတွက် ပရိသတ်တွေရော စာနယ်ဇင်းတွေရောအားပေးကြပါလို့ပြောချင်ပါတယ်။ 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.