၁၉၈၅ မှာ Pink Floyd က ထွက်လာခဲ့ပြီး နောက်ပိုင်း သူ့ရဲ့ အဖေါ်ဟောင်းတွေ ကို တရား မဆွဲခဲ့ သင့်ဘူး လို. Roger Waters က ၀န်ခံလိုက် ပါတယ်။ မကြာသေးခင် က BBC World News အင်တာဗျုး မှာ Roger က 'အစကတော့ ကျွန်တော် မှားတယ်လို့ မထင်ခဲ့မိဘူး။ တကယ်တော့ ကျွန်တော် မှားတာပါ' လို့ပြောခဲ့ ပါတယ်။
Roger ရဲ့ သုံးနှစ်ကြာနယ်လှည့်ဖျော်ဖြေပွဲအပြီး BBC Hardtalk အစီအစဉ်မှာ အသံလွှင့်ဖို့အတွက် အင်တာဗျုးဖြစ်ခဲ့ပါတယ်။ အဲဒီ့ဖျော်ဖြေပွဲတွေမှာ Roger ရဲ့ဝိုင်းက Pink Floyd ရဲ. “The Wall” ကို ပြန်တီးခဲ့ပါတယ်။ Consequence of Sound ရဲ့ အဆိုအရ Pink Floyd အဖွဲ့ရဲ့ အမည် မူပိုင်ခွင့်အတွက် Roger တရားဆွဲတဲ့အကြောင်း မေးတော့ 'ဒါဟာ ဈေးကွက်ဆန်တဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ တကယ်တော့တရားဝင် အသက်မွေးဝမ်းကျောင်းတစ်ခုက ကျွန်တော့်ကို တစ်ခုခုသင်ပေးလိုက်တာပဲ။' ကျွန်တော့်ဝိုင်းသားဟောင်းတွေစီကိုသွားပြီး 'နားထောင်၊ ငါတို့အဖွဲ့ကကွဲသွားပြီ၊ Pink Floyd မဟုတ်တော့ဘူး'လို့ ပြောခဲ့ပါတယ်။ သူတို့ပြန်ပြောတာက 'မင်း ဘာကိုဆိုလိုတာလဲ။ မဆီမဆိုင်ကြီး ဖြစ်နေပြီ။ ဒါဟာ ဈေးကွက်တန်ဖိုးရှိတဲ့ နာမည်တစ်ခုပဲ။ ဒီနာမည် ဆက်မရှိတော့ဘူးလို့ မင်းမှာပြောပိုင်ခွင့်မရှိဘူး။ မင်းထင်သလိုမဟုတ်ဘူး။' လို့ သူတို့ပြန်ပြောပါတယ်။' နောက်ဆုံးမှာ Roger တစ်ယောက် Pink Floyd ရဲ့ဂစ်တာသမား David Gilmour နဲ့ သဘောတူညီမှုရသွားခဲ့ပါတယ်။ David Gilmour က Pink Floyd နာမည်နဲ့ ၀ိုင်းကို ဆက်လက်ဦးဆောင်ခွင့်ရပြီး Roger က သူ့ရဲ့ masterpiece ဖြစ်ခဲ့တဲ့ The Wall သီချင်းရဲ့မူပိုင်ခွင့်နဲ့ ၁၉၇၀နောက်ပိုင်းနှစ်တွေက Pink Floyd ရဲ့ show တွေမှာသုံးခဲ့တဲ့ ဧရာမ၀က်ရုပ်ကြီးကို အသုံးပြုခွင့်ရခဲ့ပါတယ်။
ဒီအင်တာဗျူးမှာ Roger ရဲ့ နောက်အခွေအတွက် အရိပ်အယောင်တွေ တွေ့ခဲ့ရပါတယ်။ Roger က 'ကျွန်တော် နောက်တစ်ခွေအတွက် အသံသွင်းပါတော့မယ်။ ကျွန်တော့်မှာ အရမ်းပြင်းထန်တဲ့ Idea တစ်ခုရှိနေတယ်။ ကျွန်တော်အဲ့ဒီ့နောက်ကိုလိုက်မယ်။ အနည်းဆုံးတစ်ခွေလောက်တော့ သွင်းဖြစ်မှာပါ။ ကျွန်တော် ဒီအခွေအတွက် ကိုယ်ရောစိတ်ပါနှစ်ပြီး အလုပ်လုပ်တော့မယ်' လို့ပြောခဲ့ပါတယ်။
(Ref:Ultimate Classic Rock)
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။